SJ WorldNews - шаблон joomla Авто

ပွဲစဉ် (၂၁) အပြီး ဂိုးအများ ဆုံးသွင်း ယူထားသည့်စာရင်းတွင် ရတနာပုံအသင်း တိုက်စစ်မှူး ၀င်းနိုင်စိုး ဆက်လက် ဦးဆောင်

Thursday, 22 August 2019 10:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

MPT Myanmar National League 2019ပွဲစဉ်(၂၁) အပြီး ဂိုးအများဆုံးသွင်းယူထားသူများ စာရင်းတွင် ရတနာပုံ အသင်း တိုက်စစ်မှူး ၀င်းနိုင်စိုးက ဆက်လက် ဦးဆောင်လျက်ရှိသည်။

ဝင်းနိုင်စိုးသည် ဂိုးသွင်းအများဆုံးစာရင်းတွင် စုစုပေါင်းသွင်းဂိုး ၁၅ ဂိုးဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး ၂၀၁၉ ဘောလုံးရာသီ ဂိုးသွင်း ဘုရင်ဆုအတွက် ရေပန်းစားနေသူတစ်ဦးဖြစ်သည်။

ဂိုးသွင်းအများဆုံးစာရင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်း တိုက်စစ်မှူး  ဒေါ်နယ်ဘစ်ဆာက သွင်းဂိုး ၁၄ ဂိုးဖြင့် ဒုတိယ၊ ဒဂုံအသင်းမှ ပက်ထရစ်နှင့် ရတနာပုံ အသင်းမှ ၀င်းနိုင်ထွန်းတို့က သွင်းဂိုး ၁၀ ဂိုးစီဖြင့် တတိယနေရာတွင် ပူးတွဲရပ်တည် လျက်ရှိသည်။ လက်ရှိတွင် သွင်းဂိုးအများဆုံး ဂိုးသွင်းဘုရင်ဆုအတွက်နောက်ဆုံးပွဲစဉ်အထိ   ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ပြီး ၀င်းနိုင်စိုးသည် ၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲတွင် ဂိုးသွင်း ဘုရင်ဆုကို ပူးတွဲရရှိထားသူဖြစ်ကြောင်း  သိရသည်။                                           

TZW

....           

 

Read 35 times Last modified on Thursday, 22 August 2019 10:29