SJ WorldNews - шаблон joomla Авто

ဘင်နီတက်ဇ် နှင့် ကလော့ ရင်းနှီးသော်လည်း ပွဲကစားစဉ် ပြိုင်ဘက် များသာဖြစ်

Sunday, 01 October 2017 09:18 font size decrease font size decrease font size increase font size increase font size

လီဗာပူး       စက်တင်ဘာ       ၃ဝ

လီဗာပူးနှင့်  နယူးကာဆယ်အသင်း  အောက်တိုဘာ ၁ ရက်တွင်  ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ  နယူးကာဆယ် နည်းပြ  ဘင်နီတက်ဇ်သည် လီဗာပူးကို ချန်ပီယံလိဂ် ဖလားယူ ပေးခဲ့သူဖြစ်သလို လီဗာပူးနည်းပြ ဂျာဂန်ကလော့ က မိမိနှင့်လည်း အရင်းနှီးဆုံး ပရီးမီးယားလိဂ်မှ နည်းပြဖြစ်သည်ဟု ထုတ်ဖော်ပြောသည်။ သို့သော် မည်မျှခင်မင် ပါစေ ကွင်းအတွင်းကစားစဉ် ပြိုင်ဘက်များသာဖြစ်သည်ဟု ကြုံးဝါးသွားသည်။

''ပရီးမီးယားလိဂ်မှာ ကျွန်တော်နဲ့အရင်းနှီးဆုံးနည်းပြက ဘင်နီတက်ဇ်ပါ။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် တုန်း ကတောင် သူနဲ့စကားတွေ ပြောဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့သူနဲ့ ပြိုင်ဘက်နည်းပြတွေ အဖြစ် ၁ဝ ကြိမ်နဲ့ ၁၅ ကြိမ်ကြားတွေ့ခဲ့ဖူးတယ်။ သူလီဗာပူးနည်းပြ အဖြစ်ရှိစဉ်က ကျွန်တော်နဲ့ ရင်ဆိုင်တွေ့တော့ မိန့်ဇ်မှာ သူတို့ကို ကျွန်တော်တို့အသင်းက ငါးဂိုးပြတ်နိုင် ခဲ့တယ်။ အခု သူနဲ့ရင်ဆိုင်ရမယ့်ပွဲမှာ  စကားတွေ ပြောဖြစ်မှာ ဖြစ်ပေမယ့် ကွင်းထဲမှာတော့ ဒီရင်းနှီးမှုက ဘာမှ အကျိုးသက်ရောက်စေမှာ မဟုတ်ပါဘူး'' ဟု ကလော့ က ပြောသည်။

ဆက်လက်ပြီး ကလော့က အာဆင်နယ်နှင့် ဒီဇင်ဘာ ၂၃ ရက်တွင် ကစားရမည်ဖြစ်သောပွဲစဉ်ကို ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်အရ ဒီဇင်ဘာ ၂၄ ရက်သို့ ပြောင်းရွှေ့ကစားစေခြင်းကို ဘဝင်မကျကြောင်းနှင့် ထိုသို့ ခရစ္စမတ်ပွဲတော် ကာလမျိုးတွင်  မည်သူမျှ ဘောလုံးပွဲကြည့်ချင်လိမ့်မည် မဟုတ်ဟု ဝေဖန်ခဲ့သည်။ 

Read 337 times Last modified on Sunday, 01 October 2017 09:19