SJ WorldNews - шаблон joomla Авто

မိုဗစ်ခ်ျ ကြံ့ခိုင်မှု မပြည့်မချင်း လူကာကူကို အနား မပေးနိုင်ဟု မော်ရင်ဟိုဆို

Sunday, 01 October 2017 09:19 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ     စက်တင်ဘာ       ၃ဝ

မန်ယူအသင်း တိုက်စစ်မှူးသစ် လူကာကူသည် ယခုရာသီ အသင်းကစားသမျှ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ် ပွဲတိုင်းတွင် ပွဲချိန်ပြည့် ဆက်တိုက် ကစားပေးနေရသော်လည်း ၎င်းအား အနားပေးနိုင်ဦးမည် မဟုတ်ကြောင်း   နည်းပြ မော်ရင်ဟိုက  ထုတ်ဖော်ပြောသည်။   ပြီးခဲ့သည့် နွေရာသီ ဈေးကွက်၌ ပေါင် ၇၅ သန်းဖြင့် ခေါ်ယူခဲ့ရ သော လူကာကူသည် ယခုရာသီ မန်ယူအတွက် ပြိုင်ပွဲစုံကိုးပွဲကစားရာတွင် ၁ဝ ဂိုးအထိသွင်း ပေးထားနိုင်ကာ ဘာတန်နှင့်ကစားသော ကာရာဘာအိုဖလားပြိုင်ပွဲ တစ်ပွဲတွင်သာ အနားရခဲ့သည်။

လူကာကူကို အနားမပေးနိုင်သေးခြင်းနှင့် ပတ်သက်ပြီး မော်ရင်ဟိုက ''ခင်ဗျားတို့မြင်ကြမှာပါ။ မိုဗစ်ခ်ျမ ကစားနိုင် သေးဘဲ ကျွန်တော်တို့ လူကာကူကို အနားပေးလို့မရဘူး။ ရက်ရှ်ဖို့ဒ် ကစားနေတဲ့နေရာက  လူကာကူ ကစားတဲ့ နေရာနဲ့မတူဘူး။ ဒီနေရာမှာ ကစားနိုင်တဲ့မိုဗစ်ခ်ျ အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်မကစားပေး နိုင်သေး သရွေ့  လူကာကူကို ဘယ်လိုမှ ပေးနားလို့မဖြစ်ဘူး'' ဟု ပြောသည်။

မန်ယူအတွက် နောက်ထပ် သတင်းဆိုးတစ်ခုမှာ တံကောက်ကြော ဒဏ်ရာရသွားသော ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာသည် မိုဗစ်ခ်ျနှင့် ရိုဂျိုတို့ကဲ့သို့ ကာလရှည် ဒဏ်ရာရသွားခြင်း ဖြစ်ကြောင်း၊ နိုဝင်ဘာလအထိ နားရ နိုင်ကြောင်း မော်ရင်ဟိုက အတည်ပြုပြောကြားသည်။               

Read 354 times Last modified on Sunday, 01 October 2017 09:20