SJ WorldNews - шаблон joomla Авто

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့တွင် ရန်ကုန်အသင်း အိမ်ကွင်း၌ အနိုင်ရ

Sunday, 01 October 2017 12:03 font size decrease font size decrease font size increase font size increase font size

၂ဝ၁၇ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ (ဒုတိယနေ့)ကို ယနေ့ညနေပိုင်း တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပရာ ရန်ကုန်အသင်းက ရတနာပုံအသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

MNL ၏ အစဉ်အလာ ပြိုင်ဘက်နှစ်သင်း၏ တွေ့ဆုံမှုမှာ အပြန်အလှန်ရှိခဲ့ပြီး ရန်ကုန်အသင်းက တိုက်စစ်မှူးဆီဇာ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည်။ နှစ်သင်းစလုံး ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ တစ်ဂိုးဖြင့်သာ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် အဝေး ကွင်း၌ ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယအကျော့တွင် ရလဒ်ကောင်းရန် ကြိုးပမ်းရတော့မည်ဖြစ်သည်။ အသင်းကြီးနှစ်သင်း တွေ့ဆုံသော ပွဲဖြစ်၍ ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ပထမပိုင်းတွင် ဂိုးရနိုင်သည့် အခွင့်အရေးများရရှိခဲ့သည်။ ရန်ကုန်အသင်းမှ ဆီဇာ၊ ကျော်ကိုကို၊ ရတနာပုံအသင်းမှ ပက်ထရစ်၊ စည်သူေ အာင်နှင့် အောင်သူတို့ အခွင့်အရေးများ အသုံးမချနိုင်ခဲ့၍ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။

ဒုတိယပိုင်းအစတွင် ရတနာပုံအသင်းက ခြေပိုသာခဲ့သော်လည်း မိနစ် ၆ဝ နောက်ပိုင်းတွင် ရန်ကုန်အသင်းက ပွဲကို ထိန်းချုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းအစတွင် ကြည်လင်း ဝင်ရောက်လာသောကြောင့် ရန်ကုန်အသင်း တောင်ပံတိုက်စစ် ပိုကောင်းလာခဲ့ပြီး ရတနာပုံ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ တိုက်စစ်မှူး အောင်သူ၏ အပိုင်ကန်သွင်းမှုကို ရန်ကုန် အသင်းဂိုးသမား ဆန်းဆက်နိုင် ကာကွယ်နိုင်ခဲ့သည်။

၆၉ မိနစ်တွင် တိုက်စစ်မှူး ဆီဇာက ရန်ကုန်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ပြီး နောက်ပိုင်း တွင်ရတနာပုံ တိုက်စစ်ပြန်မြင့်လာသော်လည်း ရန်ကုန်အသင်း ခံစစ်ပိုင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များကို အောက်တိုဘာ တတိယ ပတ်တွင် ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်တွင် ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ အောက်တိုဘာ ၁၉ ရက်တွင် မန္တလာသီရိ ကွင်း၌ ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Read 297 times Last modified on Sunday, 01 October 2017 12:13