SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လုံခြုံရေး သံဆန်ခါ ပြိုကျခဲ့၍ အေမီယန်းစ်နှင့် လိုင်လီပွဲပျက်

Monday, 02 October 2017 08:41 font size decrease font size decrease font size increase font size increase font size

လိုင်လီ အောက်တိုဘာ ၁

အေမီယန်းစ်နှင့် လိုင်လီတို့ ယမန်နေ့ညက ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် ပရိသတ်များ အန္တရာယ် မရှိစေရန် ကာထားသည့် လုံခြုံရေး သံဆန်ခါ ပြိုကျကာ ပရိသတ်များ ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာများ ရခဲ့ခြင်းကြောင့် ထိုပွဲကို ရပ်ဆိုင်းခဲ့ရသည်။

လိုင်လီ ပရိသတ်များသည် ပွဲစပြီး ၁၅ မိနစ်တွင် ဘယ်လိုတိုရေးသွင်းယူသော အဖွင့်ဂိုးကြောင့် အောင်ပွဲခံစဉ် ပွဲကြည့်စင် အောက်ဆုံးတန်းရှေ့မှ ကာရန်ထားသည့် လုံခြုံရေး သံဆန်ခါ တန်းပြိုပြီး ပွဲကြည့်ပရိသတ်များ ကြမ်းပြင်ပေါ် ပြုတ်ကျ၍ ဒဏ်ရာရခဲ့ခြင်းကြောင့် ပွဲကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်။ ထိုပွဲကျင်းပရာ လီကော်နီကွင်းသည် ပရိသတ် ၁၂ဝဝဝ ဆံ့ပြီး ပွဲကြည့်စင်နှင့် ပြုတ်ကျရာ ကြမ်းပြင်သည် ခုနစ်ပေ၊ ရှစ်ပေနီးပါး မြင့်ခြင်းကြောင့် ပရိသတ် ပြိုပိပြီး ပြုတ်ကျကာ ဒဏ်ရာရသူများ ရှိခဲ့သဖြင့် ကွင်းလုံခြုံရေး အခြေအနေအရ ပွဲစတင်ပြီး နာရီဝက်အကြာတွင် ရပ်ဆိုင်း လိုက်ရခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် အနည်းဆုံး ၂၆  ဦးဒဏ်ရာရပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်။

Read 270 times Last modified on Monday, 02 October 2017 08:42