SJ WorldNews - шаблон joomla Авто

ကင်မ်ဂျုံအွန် ပိတ်ပင်လို့ ရုပ်သံရိုက်ကူးခွင့် မရခဲ့တဲ့ ကွမ်ဆန်းဟန်

Monday, 02 October 2017 08:42 font size decrease font size decrease font size increase font size increase font size

ပီရူဂီယာ အောက်တိုဘာ ၁

မြောက်ကိုရီးယား နိုင်ငံ၏ အကျော်ကြားဆုံး ဘောလုံးသမား ကွမ်ဆန်းဟန် ၁၉ နှစ်အရွယ် ဘောလုံးသမားကို ရုပ်သံရိုက်ကူးရန် ဖိတ်ခေါ် ကမ်းလှမ်းခြင်း ခံရပေမယ့် သူတို့နိုင်ငံ အစိုးရ ခေါင်းဆောင်ပိုင်းက တားမြစ်သည့်အတွက် သွားရောက် ရိုက်ကူးခွင့် မရခဲ့ပေ။

ကွမ်ဆန်းဟန်သည် အီတလီကလပ် ပီရူဂီယာ အသင်းနှင့် စီးရီးဘီမှာ ခြောက်ပွဲကစားအပြီး ငါးဂိုးသွင်းထားနိုင်သောကြောင့် အီတလီ နာမည်ကြီး ရုပ်သံ RAI က ရုပ်သံရိုက်ကူး ဖော်ပြရန် အသင်းဥက္ကဋ္ဌ ဆန်တိုပါဒရီနှင့် ရိုက်ကူးရေး အစီအစဉ်ကို သွားခဲ့သည်။ ထိုသို့သွားနေစဉ်  မြောက်ကိုရီးယား အစိုးရက လျှို့ဝှက်ဖုန်းဆက်ပြီး ဘောလုံးသမား တစ်ယောက် အောင်မြင်ခြင်း နောက်မှာ ရုပ်သံအစီအစဉ် ရိုက်စရာ ဘာအကြောင်းမှ မရှိဘူးလို့  သတိပေး တားမြစ်ခဲ့သည့် အတွက် ကွမ်ဆန်းဟန်က ရုပ်သံအစီအစဉ်ကို လိုက်မလာတော့ဘဲ ဥက္ကဋ္ဌ ဆန်တိုပါဒရီ တစ်ဦးတည်း တက်ရောက်ခဲ့သည်။ ကွမ်ဆန်းဟန် ယခုကဲ့သို့ ပျက်ကွက် ရခြင်းသည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်၏ တားမြစ်ချက်ကြောင့် ဖြစ်ကြောင်း ဆန်တိုပါဒရီက ဖွင့်ဟထားသည်။

Read 307 times Last modified on Monday, 02 October 2017 08:42