SJ WorldNews - шаблон joomla Авто

၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် ကမ္ဘာ့ဖလား ပွဲကြီးနှင့်လွဲချော်

Thursday, 12 October 2017 14:46 font size decrease font size decrease font size increase font size increase font size

နယူးယောက်  အောက်တိုဘာ  ၁၁

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ယှဉ် ပြိုင်ကစားသော ကွန်ကာကပ်ဖ်ဇုန် ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ခြေစစ်ပွဲတွင် အမေရိကန်အသင်း သည် ထရီနီဒက်နှင့် တိုဘာဂိုအသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အဆိုပါ ဇုန်တွင်  အဆင့် (၃) နေရာမှ အဆင့် (၅) နေရာသို့ ဆင်း သွားခဲ့ရသဖြင့် ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်  ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်သည့် ဖြစ်ရပ်ဆိုးနှင့် ကြုံခဲ့ရသည်။

အမေရိကန်အသင်းသည် ပွဲချိန် ပထမပိုင်းမှာပင် အိုမာဂွန်ဇာ လက်ဇ်၏ ကိုယ့်ဂိုးကိုယ်သွင်းခြင်းနှင့် အယ်လ်ဗင် ဂျုံးစ်၏ သွင်းဂိုးတို့ကြောင့် နှစ်ဂိုးပြတ်ရှုံးခဲ့ရပြီး   ပူလီဆစ်ကတစ်ဂိုးသာ ပြန်သွင်းနိုင်ခဲ့သဖြင့် ရှုံးပွဲကြုံခဲ့ ရခြင်းဖြစ်သည်။

အမေရိကန် အသင်းနည်းပြ ဘရုစ်အရီနာက ခြေစစ်ပွဲ မအောင်ခြင်းအတွက် မိမိကိုသာအပြစ်တင် ရမည်ဖြစ် ကြောင်း ဝန်ခံထားသည်။ ''ကျွန်တော် တို့ အနည်းဆုံး တစ်မှတ်ယူနိုင်ခဲ့ရင် မျှော်လင့်ချက် ရှိမှာပါ။ ဒါပေမဲ့ သရေတောင် မစွမ်းဆောင်နိုင်ခဲ့လို့ ဘယ်လို ဆင်ခြေမျိုးမှ မပေးပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပါ။ ဒီတာဝန်တွေ အားလုံးကို ကျွန်တော်ခံယူသွားမှာပါ။ အရင်ကစားတဲ့ ပွဲတိုင်းမှာ ကိုယ့်အသင်း ဂိုးတွေမသွင်းနိုင် မှာကို မပူပန်ခဲ့ပေမယ့် ဒီနေ့ပွဲမှာ ကျွန်တော်တို့လိုချင်တဲ့ ဂိုးကို ထပ်ရအောင်မသွင်းနိုင်ဘူး'' ဟု ပြောသည်။

ကွန်ကာကပ်ဖ်ဇုန်တွင် မက္ကဆီကို၊ ကော်စတာရီကာနှင့် ပနားမားတို့  တိုက်ရိုက်ခြေစစ်ပွဲ အောင်ပြီး ဟွန်ဒူးရပ်စ်မှာ ပလေး အော့ဖ် ကစားခွင့် ရခဲ့သည်။

 

Read 7 times Last modified on Thursday, 12 October 2017 14:47