SJ WorldNews - шаблон joomla Авто

ကစားသမား ဘဝ (၄၄)ကြိမ်မြောက် ဟက်ထရစ်ဂိုးများဖြင့် အာဂျင်တီးနားကို မက်ဆီ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်စေခဲ့

Thursday, 12 October 2017 14:47 font size decrease font size decrease font size increase font size increase font size

ကွိုင်တို   အောက်တိုဘာ   ၁၁

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကစားသော တောင်အမေရိကဇုန်  ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲ စဉ်တွင်  အာဂျင်တီးနား အသင်းသည် အီကွေဒေါကို အဝေးကွင်း၌ မက်ဆီ၏ ဟက်ထရစ် သွင်းဂိုးဖြင့် အနိုင်ရ ရှိခြင်း ကြောင့် ၂ဝ၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲ အောင်သွားပြီဖြစ်သည်။

အာဂျင်တီးနားသည် ယခုပွဲမတိုင်မီ အဆင့် (၆)နေရာ ရောက်နေခဲ့ပြီး ပွဲစပြီး ၃၈ စက္ကန့်တွင် အိမ်ရှင်အီကွေ ဒေါက ဦးဆောင်ဂိုးစ သွင်းခြင်းကြောင့် ၁၉၇ဝ ပြည့်နှစ်  ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း ပထမဆုံးအကြိမ် ခြေ စစ်ပွဲ မအောင် သည့် အဖြစ်ဆိုးနှင့် ကြုံရကိန်း ဆိုက်ခဲ့သော်လည်း ပွဲစပြီး ၁၂မိနစ်တွင် မက်ဆီက ဒီမာရီယာ နှင့် အပေးအယူ လုပ်ပြီး ချေပဂိုး သွင်းခဲ့သလို ပွဲချိန် မိနစ် ၂ဝနှင့် ပွဲချိန် ၆၂မိနစ်တို့တွင် နောက်ထပ်နှစ် ဂိုးထပ်သွင်းပြီး ကစားသမား ဘဝ (၄၄) ကြိမ်မြောက် ဟက်ထရစ် သွင်းဂိုးဖြင့် အာဂျင်တီးနား အသင်းကို အဆင့်(၃) နေရာသို့  ပို့ဆောင် ပေးပြီး    တိုက်ရိုက် ခြေစစ်ပွဲ အောင်စေခဲ့သည်။

ပွဲအပြီးတွင် မက်ဆီက အာဂျင်တီးနားလို အသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့ပါက စိတ်ထိခိုက် စေသော ကိစ္စဖြစ်လာမည်ဟု ဖွင့်ဟသည်။ မက်ဆီက ''ကျွန်တော်တို့ အီကွေဒေါ အသင်းကွင်းကို လာကစားရတဲ့ အခါတိုင်း ထိတ်လန့်မှုဆိုတာ ရှိစမြဲပါ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဒီနေ့မှာ ကျွန်တော်တို့  အကောင်းဆုံး တုံ့ပြန် ကစားနိုင်ပြီး အေးဆေးတည်ငြိမ်စွာနဲ့ ကစားနိုင်ခဲ့တယ်။ ရည်မှန်းချက်ကို ပြည့်မြောက် အောင်ကစားနိုင်ဖို့က အရေးကြီး ဆုံးပါပဲ။ ကျွန်တော်တို့ ခြေစစ်ပွဲမအောင်ခဲ့ရင်တော့ စိတ်ထိခိုက်စရာပါပဲ။ ဒီတစ်ဖွဲ့လုံးက ကမ္ဘာ့ဖလား ပွဲကြီး ကစားခွင့်နဲ့ ထိုက်တန် ပါတယ်။ ကျွန်တော်တို့အသင်းက ကိုပါအမေရိကဖလား ပြိုင်ပွဲ  နှစ်ပွဲဆက်နဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲသုံးပွဲ ဆက်ကစားရပြီး ဖလားမရနိုင်လို့ ဝေဖန်ခံရမှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒီအတွက်လည်း သတင်းစာ ရှင်းလင်းပွဲတွေကို  အာဂျင်တီးနားတစ်သင်းလုံး ရှောင်တာ အတော်ကြာခဲ့ပါပြီ။ ဒီနေ့နိုင်ပွဲက ကျွန်တော် တို့အတွက်  အရမ်းအရေးပါတဲ့နိုင်ပွဲပါ။  အားလုံး လက်တွဲညီနေရင်  အရာရာက ပိုပြီးလွယ်ကူ သွားစေမှာပါ။ နောက်ဆုံး ဗိုလ်လုပွဲသုံးရပ်စလုံး နိုင်ပွဲမရခဲ့တဲ့ဖြစ်ရပ်က မျှတမှုမရှိဘူးလို့ထင်တယ်။ ဒီနေ့ ကျွန်တော်တို့ ခြေစစ်ပွဲအောင်သွားခဲ့ပြီ။ ဖလားရဖို့ ဦးတည်ပြင်ဆင်ရမယ်။ ပြောင်းလဲမှုတွေလည်း ရှိလာဦး မှာဖြစ်ပြီး ကျွန်တော်တို့ အသင်း ဒီထက်ပို တိုးတက်လာမယ်လို့ ယုံကြည်တယ်'' ဟု ပြောသည်။

တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်များ အပြီးတွင် ဘရာဇီးအသင်းကို သုံးဂိုးပြတ်ရှုံးသော တောင်အမေ ရိကတိုက် နှစ်နှစ်ဆက် ချန်ပီယံ ချီလီအသင်းမှာ ခြေစစ် ပွဲမအောင်ဘဲ ဘရာဇီး၊ ကိုလံဘီယာ၊ အာဂျင်တီးနားနှင့် ဥရုဂွေးတို့ တိုက်ရိုက် ခြေစစ်ပွဲအောင်ကာ ကိုလံဘီယာနှင့် တစ်ဂိုးစီသရေပွဲ ကစားနိုင်သော ပီရူးက ပလေးအော့ဖ် ကစားခွင့် ရခဲ့သည်။  

Read 7 times Last modified on Thursday, 12 October 2017 14:58