SJ WorldNews - шаблон joomla Авто

ဇယားထိပ်မှ ရှမ်းယူနိုက်တက်နှင့် မကွေးအသင်း တွေ့ဆုံမှု အမှတ်ပေးဇယား အပြောင်းအလဲ ဖြစ်နိုင်

Friday, 13 October 2017 09:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၂

မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာ ပြိုင်ပွဲများကြောင့် ရပ်နားထားသော မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည် စတင်မည်ဖြစ်ပြီး ယင်းပွဲစဉ်တွင် အမှတ်ပေးဇယားထိပ်မှ ရှမ်းယူနိုက်တက် အသင်းနှင့် မကွေးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။

ကာလအတန်ကြာ ရပ်နားထားသည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ယခုတစ်ပတ်တွင် ပွဲစဉ် (၂ဝ) အား ပြန်လည်စတင်မည်ဖြစ်သည်။ ပွဲစဉ် (၂ဝ) ပွဲစဉ်များကို အောက်တိုဘာ ၁၄ ရက်တွင် စတင်မည်ဖြစ်ပြီး အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု အဖြစ် အမှတ်ပေးဇယား ထိပ်မှ ရှမ်းယူနိုက်တက် အသင်းမှာ အိမ်ကွင်းဖြစ်သည့် တောင်ကြီးကွင်း၌ မကွေးအသင်းကို လက်ခံကစားရမည် ဖြစ်သည်။ ချန်ပီယံ မျှော်လင့်ချက် ဖိအားရှိနေသည့် ရှမ်းယူနိုက်တက် အသင်းနှင့် ဖိအားကင်းကင်းဖြင့် ယှဉ်ပြိုင်ရမည့် မကွေးအသင်းတို့ တွေ့ဆုံ နေသောကြောင့် ယင်းပွဲစဉ်သည် အမှတ်ပေးဇယား အပြောင်းအလဲ ဖြစ်စေနိုင်သော ပွဲဖြစ်လာနိုင်သည်။ အောက်တိုဘာ ၁၄ ရက်တွင် တခြားပွဲစဉ်များ အဖြစ် အောင်ဆန်း အားကစားကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် GFA အသင်း၊ သုဝဏ္ဏ အားကစားကွင်း၌ ချင်းယူနိုက်တက် အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်း၊ ပဲခူးအားကစား ကွင်း၌ ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့ တွေ့ဆုံနေပြီး အောက်တိုဘာ ၁၅ ရက်တွင် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ဇွဲကပင် ယူနိုက်တက် အသင်းတို့ YUFC အားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။

Read 2 times Last modified on Friday, 13 October 2017 09:29