SJ WorldNews - шаблон joomla Авто

ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရပြီး သုံးပတ်ကြာမှ ပြန်ကန်ရာ အက်ဖ်စီလစ်ဆီ အသင်းရှုံးနိမ့်

Friday, 13 October 2017 09:52 font size decrease font size decrease font size increase font size increase font size

အမ်စတာဒမ် အောက်တိုဘာ ၁၂

နယ်သာလန် တတိယတန်း ကလပ် အက်ဖ်စီလစ်ဆီ အသင်းသည် နယ်သာလန် ပြည်တွင်း ဖလားပွဲအဖြစ် စက်တင်ဘာ ၂ဝ ရက်က ပဉ္စမတန်းကလပ် HSV Hoek အသင်းနှင့် ပထမ အဆင့်ပွဲစဉ် ကစားခဲ့ရာ ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ၅ ဂိုး-၄ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ထိုပယ်နယ်တီ ကန်သွင်းမှုတွင် ကွင်းလယ်ဒိုင် သတ်မှတ်သည့် ပယ်နယ်တီ စည်းမျဉ်းသစ်ဖြင့် ကန်သွင်းခိုင်းမှု မှားယွင်းခဲ့ခြင်းကြောင့် ထိုပယ်နယ်တီကို သုံးပတ်အကြာမှ ပြန်ကန်စေရာ ၆ ဂိုး-၅ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

အင်္ဂလန်၌ အက်ဖ်အေဖလားနှင့် ဆင်တူသော KNVB ဖလားပြိုင်ပွဲအဖြစ် လစ်ဆီ အသင်းနှင့် HSV Hoek အသင်းတို့ ပထမတစ်ကြိမ် ကစားသည့်ပွဲတွင် ပယ်နယ်တီကန်ရာ စည်းမျဉ်းသစ် အရ A အသင်းမှ ပယ်နယ်တီ စကန်ပြီးလျှင် B အသင်းမှ နှစ်ဦးဆက်တိုက် ကန်ပြီးမှ အစဉ်အတိုင်း ကန်ရမည် ဖြစ်သော်လည်း ထိုသို့မကန်စေဘဲ ယခင်ပယ်နယ်တီ စည်းမျဉ်းအတိုင်း တစ်သင်းတစ်လှည့်စီ ကန်ခိုင်းမိသဖြင့် နယ်သာလန် ဘောလုံး အဖွဲ့ချုပ်က နှစ်ဂိုးစီ သရေကျခဲ့သော ထိုပွဲကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့်သာ ပြန်လည်ခံယူရန် ဆုံးဖြတ်ခဲ့ရာမှ လစ်ဆီအသင်း ရှုံးခဲ့ရခြင်းဖြစ်သည်။ လစ်ဆီအသင်းက ပယ်နယ်တီ ပြန်မကန်မီ တရားရုံး၌ လျှောက်လဲခဲ့သော်လည်း တရားရုံးက နယ်သာလန် အက်ဖ်အေ၏ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့၍ အယူခံရှုံးပြီး ပွဲပါရှုံးခဲ့ရခြင်း ဖြစ်သည်။

Read 5 times Last modified on Friday, 13 October 2017 09:53