SJ WorldNews - шаблон joomla Авто

ကယ္လမ္ခ်မ္ဘာ အာဆင်နယ်တွင် ၂ဝ၂၁ ခုနှစ်အထိ ဆက်ရှိစေမည့် နှစ်နှစ်စာချုပ် သက်တမ်းတိုး

Friday, 13 October 2017 09:54 font size decrease font size decrease font size increase font size increase font size

လန်ဒန် အောက်တိုဘာ ၁၂

အာဆင်နယ် အသင်းသည် အသင်းမှ အသက် ၂၂ နှစ်အရွယ် အင်္ဂလန်ခံစစ်မှူး ကယ်လမ်ချမ်ဘာကို အသင်းတွင် ၂ဝ၂၁ ခုနှစ်အထိ ဆက်ရှိစေမည့် နှစ်နှစ်စာချုပ် သက်တမ်းတိုး ချုပ်ဆိုလိုက်သည်။

ကယ်လမ်ချမ်ဘာသည် ၂ဝ၁၄ ခုနှစ်တွင် အာဆင်နယ်သို့ စတင်ရောက်ရှိ လာသူဖြစ်ကာ အသင်းအတွက် ပွဲပေါင်း ၆ဝ ကျော် ကစားပေးခဲ့ပြီး ဖြစ်သော်လည်း ယခုရာသီတွင် ၄၅ မိနစ်သာ ကစားခွင့် ရထားသည့် ကြားမှ အာဆင်နယ် အသင်းနှင့် ယမန်နေ့က နှစ်နှစ်စာချုပ် သက်တမ်းတိုး လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရာသီတွင် မစ်ဒယ်ဘရော့သို့ အငှားသွား ကစားခဲ့သော ကယ်လမ်ချမ်ဘာကို စာချုပ်သက်တမ်း တိုးလိုက်ခြင်းနှင့် ပတ်သက်ပြီး ''ကယ်လမ်ချမ်ဘာကို အာဆင်နယ် အသင်းမှာ ရှိတဲ့သူတိုင်းက ရှေ့ဆက်လက်တွဲပြီး သူ့ဆီက ပေးဆပ်နိုင်မှုတွေကို မျှော်လင့် တာကြောင့် စာချုပ်သက်တမ်း တိုးခဲ့တာပါ''ဟု အာဆင်နယ် အသင်းက သတင်း ထုတ်ပြန်သည်။ ကယ်လမ်ချမ်ဘာသည် အသင်းအတွက် အရေးပါလွန်းသူ မဟုတ်သော်လည်း ပြီးခဲ့သည့် နွေရာသီ ဈေးကွက်က ကီယန်ဂစ်ဘ်နှင့် ဂါဘရီရယ် ပေါ်လစ္စတာတို့ အသင်းပြောင်းသွား၍ ဆက်ထိန်းခဲ့ရသူ ဖြစ်သည်။

Read 11 times Last modified on Friday, 13 October 2017 09:56