SJ WorldNews - шаблон joomla Авто

One Championships ပြိုင်ပွဲတွင် သပြေညို ဆေးစစ်ချက် မအောင်မြင်သဖြင့် ယှဉ်ပြိုင်ခွင့် မရ

Sunday, 22 October 2017 12:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၂၁

ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် One Championships ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်မည့် သပြေညိုသည် ဆေးစစ်ချက် မအောင်မြင်သဖြင့် ပါဝင် ယှဉ်ပြိုင်ခွင့်ရတော့မည် မဟုတ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် သပြေညိုသည် One Championships ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ ဆေးစစ်ချက် မအောင်မြင်သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်ကို လွဲချော်သွားပြီ ဖြစ်သည်။

အဆိုပါပြိုင်ပွဲ၏ အဓိက တွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ကင်မရွန်း လူမျိုး ဟောင်ကောင် အခြေစိုက် မွေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ Alain Ngalani တို့က  Super Fight အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဖိုးသော်နှင့် စောဘဦး၊ စောမင်းမင်းနှင့် ရဲသွေးနီတို့၏ ပြည်တွင်း တွဲဆိုင်းများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Read 17 times Last modified on Sunday, 22 October 2017 12:15