SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူး ပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးအသင်း စုပေါင်း တံခွန်စိုက် ဆုဖလားရရှိ

Sunday, 22 October 2017 12:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၁

၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ နောက်ဆုံးနေ့ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီ တွင်  TC-2 ဝူရှူး လေ့ကျင့်ရေးရုံ လယ်ဝေး၌ ကျင်းပသည်။ ယနေ့ပွဲစဉ်များ အဖြစ် ထောက်လုပွဲစဉ်တွင် နန်းကွန့် (ကျား/မ)ပြိုင်ပွဲနှင့် ဆန်းဆို(အတိုက်) ပွဲစဉ်တွင် ၄၈

ကီလို(ကျား)ပြိုင်ပွဲ၊ ၅၂ ကီလို(ကျား)ပြိုင်ပွဲ၊ ၅၆ ကီလို(ကျား)ပြိုင်ပွဲ၊ ၆ဝ ကီလို(ကျား)ပြိုင်ပွဲ၊ ၇၅ ကီလို (ကျား)ပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင် ကစားကြသည်။

ယင်းနောက် ဆုပေးပွဲကို ဆက်လက် ကျင်းပရာ ထောက်လုအကောင်းဆုံး အမျိုးသမီး ဆုရ မန္တလေးတိုင်း ဒေသကြီးအသင်းမှ ဆောင်းနှင်းဖြူ၊ ထောက်လု အကောင်းဆုံး အမျိုးသားဆုရ ရခိုင်ပြည်နယ် အသင်းမှ စိုးထက်လင်း၊ ဆန်းဆို အကောင်းဆုံး အမျိုးသမီးဆုရ မန္တလေးတိုင်း ဒေသကြီးအသင်းမှ ပုံ့ပုံ့စိုးနှင့် ဆန်းဆို အကောင်းဆုံး အမျိုးသားဆုရ ဧရာဝတီတိုင်း ဒေသကြီးအသင်းမှ ကျော်သက် တို့ကို အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်က အကောင်းဆုံး ဆုတံဆိပ်များကို ပေးအပ်သည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခုဖြင့် ဆန်းဆို အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိသွားသော ချင်းပြည်နယ် အသင်း၊ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် တစ်ခုဖြင့် ဆန်းဆို အမျိုးသား တံခွန်စိုက် ဆုဖလားရရှိသွားသော မန္တလေးတိုင်း ဒေသကြီး အသင်း၊ ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခုဖြင့် ထောက်လုအမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိသွားသော မန္တလေးတိုင်း ဒေသကြီးအသင်း၊ ရွှေတံဆိပ်သုံးခု၊ ငွေ တံဆိပ်ခြောက်ခု၊ ကြေးတံဆိပ်တစ်ခုဖြင့် ထောက်လုအမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်း ဒေသကြီးအသင်း နှင့် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ်ခြောက်ခု၊ ကြေးတံဆိပ်ခြောက်ခုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသွားသော မန္တလေးတိုင်းဒေသကြီး အသင်းတို့အား တံခွန်စိုက် ဆုဖလားများ ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

မောင်မောင်စိုး

Read 24 times Last modified on Sunday, 22 October 2017 12:50