SJ WorldNews - шаблон joomla Авто

၂ဝ၁၇ မြန်မာ နေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲတွင် ချန်ပီယံ အသင်းကို ငွေကျပ်သိန်း ၂ဝဝ ချီးမြှင့်မည်

Saturday, 12 August 2017 13:23 font size decrease font size decrease font size increase font size increase font size

 ရန်ကုန် သြဂုတ် ၁၁

၂ဝ၁၇ မြန်မာနေရှင်နယ်လိဂ်ယူ-၂၁ လူငယ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကို သြဂုတ် ၁၂ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး ချန်ပီယံအသင်းကို ငွေကျပ်သိန်း ၂ဝဝ ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ချန်ပီယံဆုရအသင်းကို ဆုဖလားနှင့် ဆုကြေး ငွေကျပ်သိန်း ၂ဝဝ၊ ဒုတိယ ဆုရအသင်းကို ဆုကြေး ငွေကျပ်သိန်း ၁ဝဝ နှင့် တတိယ ဆုရအသင်းကို ဆုကြေး ငွေကျပ်သိန်း ၅ဝ ချီးမြှင့်မည်ဖြစ်သည်။

လက်ရှိ ၂ဝ၁၇ မြန်မာနေရှင်နယ်လိဂ်ယူ-၂၁ ပြိုင်ပွဲသည် နောက်ဆုံးပွဲစဉ်တစ်ပွဲသာ ယှဉ်ပြိုင် ရန် ကျန်ရှိသောကြောင့် ရာသီပိတ်နောက်ဆုံးပွဲစဉ် နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။

လက်ရှိမြန်မာနေရှင်နယ်လိဂ် ယူ-၂၁ လူငယ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၅) အပြီးတွင် ဧရာဝတီ ယူနိုက်တက်လူငယ်အသင်းက ရမှတ် ၅ဝ ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားကာ ချန်ပီယံ ဖြစ်ရန် အခွင့်အလမ်းများနေပြီး ဒုတိယနေရာတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၇ မှတ်ဖြင့် နောက်ဆုံးပွဲစဉ်အထိ ဖိအားပေးလျက်ရှိသည်။

လိဂ်နောက်ဆုံးပွဲစဉ်များတွင် ဧရာဝတီယူနိုက် တက်အသင်းမှာ ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းမှာ ရန်ကုန်ယူနိုက် တက်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နှစ်သင်း စလုံးမှာ ဂိုးကွာခြားချက်တူညီနေပြီး ဧရာဝတီယူနိုက် တက်အသင်းမှာ သရေတစ်မှတ် ရရှိရုံဖြင့် ချန်ပီယံဆု ကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ် သမိုင်း တစ်လျှောက် လူငယ်ချန်ပီယံသစ်အဖြစ် ဧရာဝတီ ယူနိုက်တက်အသင်းက ဆုဖလားဆွတ်ခူးနိုင်မည်လား၊ ရှမ်းယူနိုက်တက်အသင်းက လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်မည်လား စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။

Read 10 times Last modified on Saturday, 12 August 2017 13:25