SJ WorldNews - шаблон joomla Авто

မြန်မာ ယူ- အသင်း ခြေစွမ်းပြ ကစားနိုင်သော်လည်း အဆုံးသတ်အားနည်းခဲ့၍ အင်တာမီလန် ယူ- အသင်းကို ရှုံးနိမ့်

Saturday, 12 August 2017 13:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၁

နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန်လေ့ကျင့် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၈ အသင်းနှင့်အင်တာမီလန် ယူ-၁၈ အသင်းတို့ ယနေ့ညနေပိုင်းတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ အင်တာမီလန်အသင်းက ၄ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိသည်။

အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ- ၁၉ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၈ အသင်းသည် နာမည်ကြီးကလပ် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ယှဉ်ပြိုင်ရာတွင် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဆုံးသတ် အားနည်းခဲ့၍သာ နှစ်ဂိုးဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ ဟိန်းထက်အောင် စသည့်အမာခံ ကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး အခွင့်အရေး ရရှိသော်လည်း အသုံးမချနိုင် ခဲ့၍ နစ်နာခဲ့ရသည်။ အင်တာမီလန် ယူ-၁၈ အသင်းသည် ဥရောပထိပ်သီးအသင်းပီသစွာ ပွဲကိုထိန်းချုပ်ကစားသွားခဲ့ပြီး ၁၇ မိနစ်တွင် ဂိုးစတင်ရရှိခဲ့ကာ သောမတ်စ်ဆာချီယိုက သွင်းယူခဲ့သည်။

အင်တာမီလန်အသင်းအတွက် ဒုတိယ ဂိုးကို မိနစ် ၂ဝ တွင် အန်ဒိုရန်တီကသွင်းယူ ခဲ့ခြင်းဖြစ်သည်။ နှစ်ဂိုးပေးလိုက်ရပြီးနောက် ပိုင်းတွင် မြန်မာအသင်းပြန်ဖိကစားနိုင်ခဲ့ သော်လည်း တိုက်စစ်မှူး ပြည့်စုံနိုင်၏အနီးကပ် ပိတ်သွင်းမှု၊ နောက်ခံလူ စိုးမိုးကျော်၏ အပိုင် ခေါင်းတိုက်သွင်းယူမှုများ လွဲချော်ခဲ့သော ကြောင့် နစ်နာခဲ့ရသည်။ အင်တာမီလန် ယူ-၁၈ အသင်းအတွက် တတိယဂိုးကို ၄၁ မိနစ် တွင် အန်ဒိုရန်တီကသွင်းယူခဲ့သည်။

ဒုတိယပိုင်းအစတွင် မြန်မာအသင်းကတိုက်စစ်ကစားပုံပြောင်းလဲခဲ့သလို ကစားသမားများ အပြောင်းအလဲလုပ်ကာ ကစားအားမြှင့်ခဲ့သည်။ သို့သော် ၅၃ မိနစ်တွင်မြန်မာအသင်း ဂိုးထပ်ပေးခဲ့ရပြီး အီလီယာက သွင်းယူခဲ့သည်။ မြန်မာအသင်းတိုက်စစ်မှူးများဖြစ်သည့် ဝင်းနိုင်ထွန်းနှင့် ပြည့်စုံနိုင်တို့မှာ အင်တာမီလန် ယူ-၁၈ နောက်တန်းကို ဖိအား ပေးနိုင်ခဲ့ပြီး ၆၁ မိနစ်တွင် ဝင်းနိုင်ထွန်း၏ ထိုးဖောက်မှုကို နောက်ခံလူတစ်ဦးကြမ်းတမ်း စွာတားဆီးခဲ့သောကြောင့် ပယ်နယ်တီကန်ခွင့် ရခဲ့သည်။ ယင်းပယ်နယ်တီကို ပြည့်စုံနိုင်က ကန်သွင်းခဲ့၍ မြန်မာအသင်း ပထမချေပဂိုးရရှိ ခဲ့သည်။ မြန်မာအသင်း ချေပဂိုးရပြီးနောက်ပိုင်း တွင် တိုက်စစ်ပိုမြှင့်လာပြီး ၆၅ မိနစ်တွင်မြတ်ကောင်းခန့်က ဒုတိယချေပဂိုးသွင်းယူခဲ့ သည်။

ခြေစမ်းပွဲဒုတိယပွဲကို သြဂုတ် ၁၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

Read 56 times Last modified on Saturday, 12 August 2017 13:29