SJ WorldNews - шаблон joomla Авто

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ ၈ျပန်နိုင်ငံသို့ထွက်ခွာ

Monday, 13 November 2017 17:00 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ၊် မြန်မာမီဒီယာဂရု(ပ်)နှင့် အပြည်ပြည်ဆိုင်ရာလက်ဝှေ့ အဖွဲ့ချုပ်(ဂျပန်)တို့ ပူးပေါင်းကျင်းပသည့်

၂ဝ၁၇ ခုနှစ် (၆)ကြိမ်မြောက် ရိုးရာလက်ဝှေ့ပြိုင်ပွဲ (Lethwei Grand Prix Japan 2017) တွင် ယှဉ်ပြိုင်ရန်အတွက် မြန်မာလက်ဝှေ့အဖွဲ့သည် ယနေ့ ည ၁၁ နာရီတွင် ရန်ကုန်မြို့မှ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာသွားကြောင်းသိရသည်။

အဆိုပါ မြန်မာလက်ဝှေ့အဖွဲ့တွင် အမျိုးသားလေးဦးနှင့်အမျိုးသမီးတစ်ဦး ပါဝင်ပြီးကိုရီးယား၊ ဂျပန်နှင့် လစ်သူယေး နီးယားမှ ရိုးရာလက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်ထိုးသတ်ကြရမည်ဖြစ်သည်။ပြိုင်ပွဲတွင် ၆ဝ ကီလိုတန်းအတွက် လက်ရှိရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းလွင်မိုး၊ ၇ဝ ကီလိုတန်းအတွက် ရန်နိုင်အောင်နှင့်စိုးထက်ဦး၊ ၆၅ကီလိုတန်း အတွက် ပတ်ကျော်လင်းနိုင်နှင့် ၆၂ကီလိုတန်း အမျိုးသမီးပွဲအတွက် ကယန်းတိုင်းရင်းသူ ဘရွန်နီကာတို့က ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။

ယင်းပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် သွားရောက်ခြင်းဖြစ်ပြီး အသင်းအုပ်ချုပ်သူ ဦးဝဏ္ဏ၊ ဒိုင်လူကြီးများအဖြစ် ဦးချစ်ကို၊ ဦးဗမာလေး၊ ဦးစနေမောင်မောင်၊ အမျိုးသမီးအုပ်ချုပ်သူဒေါ်ရေး၊ မြဝတီမီဒီယာမှ ဦးတင်အောင်စိုး တို့နှင့်အတူအဖွဲ့ဝင်ပေါင်း ၁၈ ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

Read 7 times Last modified on Monday, 13 November 2017 17:09