SJ WorldNews - шаблон joomla Авто

Yunam - ASEAN National Tournament ကြက်တောင်ရိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် လေးဆုရရှိ

Tuesday, 14 November 2017 10:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ  ၁၃

တရုတ်နိုင်ငံ ယူနန်မြို့၌  အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Yunam - ASEAN National Tournament ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာကြက်တောင် အားကစားအဖွဲ့မှ  ပြိုင်ပွဲ အမျိုးအစားငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲလေးမျိုးတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာကြက်တောင် အားကစားအဖွဲ့သည် အဆိုပါပြိုင်ပွဲကို  အမျိုးသား  လေးဦး၊ အမျိုးသမီးသုံးဦး  စုစုပေါင်း ကစားသမား ခုနစ်ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး Men Single ၊ Men Double ၊ Women Single ၊ Women Double နှင့် Mix Double ပြိုင်ပွဲငါးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံ ယူနန်မြို့၌ ကျင်းပခဲ့ပြီး Men Single ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အောင်မျိုးထူးက အိမ်ရှင်တရုတ်နှင့် ထိုင်းတို့ကို ကျော်ဖြတ်ကာ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး  Women Single ပြိုင်ပွဲတွင် သက်ထားသူဇာက ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။   ထို့နောက်   Men Double ပြိုင်ပွဲနှင့် Mix Double ပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆုများကို ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ  ကြက်တောင်ရိုက်ပြိုင်ပွဲတွင်  မြန်မာနိုင်ငံ အပါအဝင် အိမ်ရှင်တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။   

Read 5 times Last modified on Tuesday, 14 November 2017 10:18