SJ WorldNews - шаблон joomla Авто

ယူနန်ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ရှမ်းယူနိုက်တက် အသင်း ဝင်ရောက် ယှဉ်ပြိုင်ရန် မသေချာ

Tuesday, 14 November 2017 10:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ  ၁၃

တရုတ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  ယူနန်ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မူလဖိတ်ကြား ခံထားရသည့်  ရှမ်းယူနိုက်တက်အသင်းမှာ လက်ရှိအသင်း ဖွဲ့စည်းပုံကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရန် မသေချာတော့ကြောင်း ရှမ်းယူနိုက်တက်အသင်း မန်နေဂျာ ဦးခင်မောင်ထွန်းထံမှ သိရသည်။

''လောလောဆယ်တော့ ယူနန်ဖိတ်ခေါ် ဖလားပြိုင်ပွဲကို ကျွန်တော်တို့ မပြိုင်ဖြစ်ဖို့ များသွားပြီ။ ဘာကြောင့် မပြိုင်ဖြစ်လဲဆိုရင် ရှမ်းယူနိုက်တက် အသင်းရဲ့လက်ရှိဖွဲ့စည်းပုံက ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ပြောရမယ်။ ပြီးတော့ မြန်မာယူ-၂၃၊ မြန်မာယူ-၂၁ အသင်းတွေမှာ ပေးထားရတဲ့ ကစားသမားတွေက  အသင်းမှာကုန်သလောက်ဖြစ်နေပြီ။ ပြိုင်ဖို့၊ မပြိုင်ဖို့ အသင်းဥက္ကဋ္ဌနဲ့ ဆွေးနွေးနေပြီး သူ့ရဲ့ ဆုံးဖြတ် ချက်ကို စောင့်နေတယ်'' ဟု ဦးခင်မောင်ထွန်းက ပြောသည်။

ယင်းပြိုင်ပွဲအတွက် ယူနန်ဖိတ်ခေါ်ဖလား ပြိုင်ပွဲကျင်းပရေးမှ ရှမ်းယူနိုက်တက် အသင်းအား ၂ဝ၁၇ ခုနှစ် ဇွန်လပိုင်းကတည်းက ဖိတ်ကြားထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ရှမ်းယူနိုက်တက်အသင်း လက်ရှိအခြေအနေကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပြိုင်ပွဲအား ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ ၂ဝ ရက်အထိ တရုတ်နိုင်ငံ ယူနန်မြို့၌ ကျင်းပမည်ဖြစ်ပြီး တရုတ်စူပါလိဂ်ကလပ် အသင်းများ၊  ဗီယက်နမ်၊  ထိုင်း၊မြန်မာ၊ တရုတ်နှင့် အာဆီယံကလပ် အသင်းများ   ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို    မြန်မာကလပ် အသင်းများမှ ရတနာပုံအသင်း၊  ဟံသာဝတီ ယူနိုက်တက်အသင်းနှင့်  မနောမြေအသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

Read 12 times Last modified on Tuesday, 14 November 2017 10:41