SJ WorldNews - шаблон joomla Авто

သုဝဏ္ဏ ဘောလုံးကွင်း၌ Yangon 100PLUS Active Run မာရသွန်ပြိုင်ပွဲ ကျင်းပမည်

Wednesday, 15 November 2017 09:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ   ၁၄

ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် Yangon 100PLUS Active Run မာရသွန် အပြေးပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြေးပြိုင်ပွဲတွင် အပြေးသမားပြိုင်ပွဲဝင် ငါးထောင်ကျော် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲအမျိုးအစားများ အနေဖြင့် ၃ ကီလိုမီတာနှင့် ၁ဝ ကီလိုမီတာ ပြိုင်ပွဲအမျိုးအစားများ ပါဝင်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် ကစားသမားများနှင့် ပြိုင်ပွဲသို့ လာရောက် အားပေးသူများအား ပြိုင်ပွဲကျင်းပမည့် နေရာတွင် အထောက်အပံ့ ကုမ္ပဏီများက အဆာပြေမုန့်များဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲ အစီအစဉ်များ၊ အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ Yangon 100PLUS Active Run မာရသွန် အပြေးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် လက်မှတ်များကို  City Mart ဆိုင်များ၊ Junction Mawtin ၊ တရုတ်တန်း၊ဝေဇယန္တာ၊ဲ Junction Square ၊ လှည်းတန်းစင်တာ၊ AKK Junction Zawana ၊ Junction 8 ၊မြန်မာပလာဇာနှင့် Ocean Center တို့၌ နိုဝင်ဘာ ၄ ရက်မှစတင်ပြီး လက်မှတ်တစ်စောင်လျှင် ငွေကျပ် ၈ဝဝဝ နှုန်းဖြင့် ရောင်းချခဲ့ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ပြိုင်ပွဲဝင်   ပစ္စည်းများအား ထုတ်ပေးလျက်ရှိပြီး ပြိုင်ပွဲအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် 100PLUS  တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

Read 1 times Last modified on Wednesday, 15 November 2017 09:25