SJ WorldNews - шаблон joomla Авто

ငါးနှစ်အတွင်း ဘရာဇီးအသင်း ခြေစမ်းပွဲ ၃၃ ပွဲအထိ ကစားခဲ့ ၊ အင်္ဂလန်နှင့်ခြေစမ်းပွဲအတွက် ဘရာဇီးအသင်း ပေါင်သုံးသန်း ရရှိ

Wednesday, 15 November 2017 12:59 font size decrease font size decrease font size increase font size increase font size

လန်ဒန်     နိုဝင်ဘာ          ၁၄

ဘောလုံးသမားကောင်းများ ထွက်ပေါ်ရာ ဘရာဇီးအသင်းသည် ၂ဝ၁၂ ခုနှစ်နောက်ပိုင်း နိုင်ငံ တကာ ခြေစမ်းပွဲ ၃၃ ပွဲအထိ ကစားခဲ့ပြီးကြောင်း သိရသည်။ ဘရာဇီးအသင်းသည်  တစ်ကမ္ဘာလုံးမှ ဘောလုံးပရိသတ် အချစ်တော် ကစားသမားများ အစဉ်အဆက် ထွက်ပေါ်ခြင်းကြောင့် ပရိသတ်အင်အား အတောင့်တင်းဆုံး နိုင်ငံအသင်းဖြစ်နေသည့်အတွက် အသင်းပေါင်း များစွာက ခြေစမ်းပွဲများ ကစားရန် ကမ်းလှမ်းမှုတွင်   တစ်ပွဲခြေစမ်းခအဖြစ်   ပေါင်သန်းချီပေးရကြောင်း  ဒေးလီးမေးလ် သတင်းစာကဖော်ပြသည်။

ငါးနှစ်အတွင်း ဘရာဇီးအသင်း၏ ခြေစမ်းပွဲ ၃၃ ပွဲတွင် ၂၄ ပွဲမှာ ပြည်ပ၌ သွားရောက် ကစားသော ပွဲများဖြစ်သည်။ ထိုကာလအတွက် ဘရာဇီးသည် တရုတ်၊ ဆွစ်ဇာလန်တို့နှင့် နှစ်ကြိမ်ခြေစမ်းခဲ့ပြီး  စင်ကာပူနှင့်လည်း မကြာမီက တစ်ပွဲကစားခဲ့ကာ ယခုတစ်ပတ်အတွင်း အင်္ဂလန်နိုင်ငံ၌ သုံးပွဲကစားရန် စီစဉ်ခဲ့သည်။

ဘရာဇီးအသင်းသည် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို  အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိခြင်းကြောင့် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်ကြား ခြေစစ်ပွဲကစားရန် မလိုသောကြောင့် ခြေစမ်းပွဲများကိုသာ ကစားရာ

ယနေ့တွင် အင်္ဂလန်နှင့်  ဝင်ဘလေကွင်း၌  ကစားခဲ့သည့်ပွဲ အတွက်လည်း ပွဲကစားခ ပေါင်သုံးသန်း ရရှိကြောင်း သိရသည်။ ဘရာဇီးအသင်း ခြေစမ်းပွဲ ခရီးစဉ်များကို ကန်တာရိုအမည်ရ အဖွဲ့အစည်းက စီစဉ်ခြင်းဖြစ်ပြီး  ပြီးခဲ့သည့်သုံးပတ်က ကာတာနိုင်ငံ၌ အာဂျင်တီးနားနှင့် ခြေစမ်းပွဲ ကစားခဲ့မှုမှလည်း ပေါင် ၆ ဒသမ ၅ သန်းအထိ ရရှိခဲ့ကြောင်းနှင့် ၂ဝ၁၃ ခုနှစ် မတ်လက ရုရှားနှင့် ခြေစမ်းပွဲမှလည်း ပေါင် ၂ သန်းရရှိကြောင်း သိရသည်။  

Read 9 times Last modified on Wednesday, 15 November 2017 13:00