SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ပဲခူး  သြဂုတ်  ၃၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း အား G3 Group Limited မှ ဦးအောင်စိုးမိုး ဦးဆောင်သော   ကိုယ်စားလှယ်အဖွဲ့သည်  e-Government  လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် ယမန်နေ့ ညနေ ၃ နာရီ က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ရန်ကုန်   သြဂုတ်   ၃၁

အမေရိကန်အခြေစိုက်  Condé  Nast  Traveler ကဖော်ပြသည့်   ကမ္ဘာ့အလှဆုံး ဗုဒ္ဓသာသနိက အဆောက်အအုံ ၁၁ ခုစာရင်းတွင် ရွှေတိဂုံစေတီတော်နှင့် ပုပ္ပားတောင်ကလပ်ကို ထည့်သွင်း ဖော်ပြခဲ့ကြောင်း သိရသည်။

ရန်ကုန်   သြဂုတ်   ၃၁

ရန်ကုန်တိုင်းဒေသကြီး  အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများ၌ ယခုအခါ တရုတ်မုန့်များ ရောင်းချမှု ကင်းစင်သော အနေအထားမျိုး ရှိလာကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ထံမှ သိရသည်။

ရန်ကုန် သြဂုတ်  ၃၁                      

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်၂၅ မြို့နယ်၌ CCTV ကင်မရာများ တပ်ဆင်၍ မှုခင်းကျဆင်းရေး ဆောင်ရွက်လျက်ရှိကြောင်း   ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်   သြဂုတ်   ၃၁

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏  အမှတ်စဉ် (၁၂/၂ဝ၁၇) အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုကို ခွင့်ပြုခဲ့ကြောင်း သြဂုတ် ၂၉ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံး (ရန်ကုန်)၌ ကျင်းပခဲ့သော စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်   သြဂုတ်   ၃၁

ဂျပန်ယဉ်ကျေးမှုများကို ကိုယ်တိုင်ခံစားရမည့် နေရာတစ်ခုအဖြစ် ဖန်တီးထားသော  Japan Culture House  တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ  Japan   Culture   House တည်နေရာ၌ ကျင်းပသည်။

၂ဝ၁၇ ခုနှစ် ဧပြီ ၂၂ ရက်တွင် ကျရောက်ခဲ့သော  အပြည်ပြည်ဆိုင်ရာ အမိမြေနေ့တွင် ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း အထွေထွေအတွင်းရေးမှူးက အမှာစကား ပြောကြားရာ၌  ကျွန်ုပ်တို့အားလုံး မှီခိုနေထိုင်နေသော ကမ္ဘာမြေကြီး ရေရှည်တည်တံ့စေရန် ရာသီဥတု၊  ဇီဝမျိုးစုံမျိုးကွဲများ၊  သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ပြဿနာများကို သိရှိနားလည်ရန် လိုအပ်ပါသည်။

ပေါက်     သြဂုတ်    ၃၁

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်း မြို့နယ် အဆင့်သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော လုပ်ငန်းသုံးသပ် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်    နာရီက မကွေးတိုင်းဒေသကြီး ပေါက်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။

ခိုင်နှင်းဝေ ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့်  ပန်းရိုင်းမျက်ရည် ရုပ်ရှင်ဇာတ်ကားကို ရုံတင်ရန် စီစဉ်နေပြီး   ယင်းဇာတ်ကားဖြင့် အကယ်ဒမီဆု မျှော်လင့်မိကြောင်း  သရုပ်ဆောင် ခိုင်နှင်းဝေထံမှ သိရသည်။


အသက်  ၁၃ နှစ်အရွယ် ဆယ်ကျော်သက် ဟစ်ဟော့အဆိုရှင်   ပြုံးမြသွယ်၏ တစ်ကိုယ်တော် အယ်လ်ဘမ်မှာ  ၂ဝ၁၈ ခုနှစ်  နှစ်ကုန်ပိုင်းတွင်  ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Page 1574 of 1634