SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ပခုက္ကူ  သြဂုတ်  ၂၃

သီဟိုဠ်ရှင်မြတ်စွာ ဘုရားကြီး တည်ထား ကိုးကွယ်သည့် နှစ်(၉ဝဝ)ပြည့် အထိမ်းအမှတ်  ဘုရားပွဲတော် ကျင်းပရေး ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ  ၄ နာရီက  သီဟိုဠ်ရှင်ဘုရားကြီး မြောက်ဘက်စောင်းတန်း၌ ကျင်းပကြောင်း သိရသည်။

ကျိုင်းတုံ  သြဂုတ်  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မ ဈေးကြီးအတွင်း   စားသုံးရန်မသင့်သည့် တရားမဝင် ကုန်ပစ္စည်းများကို ဆိုင်ပေါ်တင်၍ ဖြန့်ချိရောင်းချခြင်း မပြုရန်နှင့် ပညာပေး ကာလ ရက်ပေါင်း ၉ဝ အတွင်း လက်ရှိကုန်ပစ္စည်းများကို အပြီးတိုင်ဖျက်သိမ်းကြရန် ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး ကော်မတီက ယမန်နေ့က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

နေပြည်တော်  သြဂုတ်  ၂၃

ရာသီတုပ်ကွေးရောဂါ    (Seasonal Influenza  A(H1N1) pdm 2009) စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂ဝ ရက်

ရန်ကုန်   သြဂုတ်  ၂၃

ရန်ကုန်မြို့၌   စက်တင်ဘာလမှ စတင်ဖွင့်လှစ်မည့်   အခမဲ့အထည်ချုပ် အလုပ်သမား  မွေးထုတ်ရေး ၂၈ လစီမံကိန်းမှ အလုပ်သမားဦးရေ ၅ဝဝဝ ကျော်မွေးထုတ် ပေးနိုင်ရန် လျာထားကြောင်း   ယင်းအစီအစဉ်၏  Project  Coordinator Garment ဒေါ်ကြွယ်ဖြိုးဖြိုးအေး ထံမှ သိရသည်။

ရန်ကုန်   သြဂုတ်  ၂၃

အမှိုက်သိမ်း လက်တွန်းလှည်းများအစား အမှိုက်သိမ်း သုံးဘီးဆိုင်ကယ်နှင့်   တာတာ ဟော်ပါ အမှိုက်သိမ်းယာဉ်များ အစားထိုး ပြောင်းလဲလိုက်ချိန်တွင် သန့်ရှင်းရေးဝန်ထမ်းများ အနေဖြင့် အမှိုက်သိမ်းဆည်းရာတွင် ပိုမို အဆင်ပြေမှု ရှိလာကြောင်း ရန်ကုန်မြို့တော်     စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ 

ရန်ကုန်   သြဂုတ်  ၂၃

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို သြဂုတ် ၉ ရက်မှ ၂၅ ရက်အထိ  သတ်မှတ် တက္ကသိုလ် ၁၇ ခု၌  လျှောက်ထားခွင့်ပြုထားပြီး  အချိန်မီ လျှောက်ထားနိုင်ခြင်းမရှိပါက   အဆင့်မြင့်ပညာ ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့  ပေးပို့လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောခိုင်ထံမှ  သိရသည်။

ရန်ကုန်  သြဂုတ်  ၂၃

မူလက မီနီဘတ်ယာဉ်ငယ်များဖြင့် ပြေးဆွဲနေသည့် YBS ၈ ယာဉ်လိုင်းကို ယနေ့မှ စ၍ YBS ယာဉ်သစ်ကြီးများဖြင့်   လမ်းကြောင်းများ တိုးချဲ့ပြေးဆွဲနေပြီဖြစ်ကြောင်း  ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော    ကုမ္ပဏီ(YUPT) အမှုဆောင် အရာရှိချုပ် ဦးမောင်မောင်လွင်ထံမှ သိရသည်။

ရန်ကုန်   သြဂုတ်  ၂၃

 ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး  စက်မှုဝန်ကြီးဌာန၏  မြန်မာ့ဆေးဝါး လုပ်ငန်းမှ ဆေးဝါးသုံး အရက်ပြန်ကို ကောင်း မွန်သော ထုတ်လုပ်မှုပုံစံ   

အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံများက အိမ်ရှင်အဖြစ် လက်ခံ၍ နှစ်နှစ်တစ်ကြိမ် ကျင်းပသော ဆီးဂိမ်းအားကစား ပွဲတော်သည် ယခုနှစ်တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲသို့ မြန်မာအားကစား အဖွဲ့ဝင် ၅ဝဝ ကျော်တက်ရောက်ကြပြီး အားကစားနည်း၂၉ မျိုး ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

လားရှိုး  သြဂုတ်  ၂၃

မော်တော်ယာဉ်ဖြင့် ဈေးပတ်ရောင်းချသူများ အနေဖြင့် ရောင်းချသော ပစ္စည်းအလိုက် အရောင်းအဝယ် ကောင်းမွန်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၁၂)မှ ဈေးပတ်လှည့်လည် ရောင်းချသူ တစ်ဦးထံက သိရသည်။

Page 1745 of 1790