SJ WorldNews - шаблон joomla Авто
ရွှေကူ

ရွှေကူ

ဆောက်သမ်တန်က ပြီးခဲ့တဲ့ တစ်ပတ်က ဘုန်းမောက်နဲ့ ပွဲမှာ တစ်ဂိုးစီသရေသာ ကစားနိုင်ပေမယ့် အသင်းကစားသွားပုံ ကတော့ တိုးတက်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ငါးပွဲမှာ သုံးပွဲရှုံးထားပြီး အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာကြောင့် နိုင်ပွဲရဖို့ ခက်ခဲလွန်းမယ့် နောက်တစ်ပွဲ ရင်ဆိုင်ရခြင်း ဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံးသမိုင်းမှာ အနီကတ် အများဆုံး ဒါဘီပွဲအဖြစ် ပွဲ ၅ဝ ကစားရာ အနီကတ် ၂၁ ကတ်ထိခဲ့တဲ့ လီဗာပူးနဲ့ အဲဗာတန်တို့ရဲ့ မာဆေးဆိုက် ဒါဘီပွဲစဉ် ကတော့ နှစ်သင်းစလုံး အကောင်းဆုံး ပုံစံရနေချိန် ရင်ဆိုင်တွေ့တာဖြစ်လို့ ပိုပြီးကြည့်ကောင်းပါ ဦးမယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

တနင်္ဂနွေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် သုံးပွဲရှိရာမှာ အင်္ဂလန် ဘောလုံးသမိုင်းရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဖြစ်တဲ့ ဒါဘီပွဲစဉ် နှစ်ပွဲ ပါဝင်နေပါတယ်။ မန်ယူနဲ့ မန်စီးတီး တို့ပွဲစဉ်မှာ မန်စီးတီး အနိုင်ရရင် ၁၁ မှတ် ဖြတ်ထားနိုင်မှာကြောင့် ချန်ပီယံ အဖြေက  စောပြီးပေါ်ထွက် လာနိုင်ပါတယ်။ နောက်တစ်ပွဲကတော့ လီဗာပူးနဲ့ အဲဗာတန် အသင်းတို့ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် မာဆေးဆိုက် ဒါဘီပွဲစဉ် ဖြစ်နေလို့ အသည်းပေါက်မတတ် ကစားကြမယ့် ရသကို ခံစားကြရမှာ ဖြစ်ပါတယ်။ နောက်တစ်ပွဲကလည်း အာဆင်နယ်အသင်းရဲ့ ပွဲစဉ်ဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာ ချန်ပီယံ ခြေစွမ်းမျိုးရလာတဲ့ အသင်းဖြစ်လို့ စောင့်ကြည့်အားပေးကြ ရမှာပါ။ တနင်္ဂနွေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် သုံးပွဲ ရှိရာမှာ အင်္ဂလန် ဘောလုံးသမိုင်းရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဖြစ်တဲ့ ဒါဘီပွဲစဉ် နှစ်ပွဲ ပါဝင်နေပါတယ်။ မန်ယူနဲ့ မန်စီးတီး တို့ပွဲစဉ်မှာ မန်စီးတီး အနိုင်ရရင် ၁၁ မှတ် ဖြတ်ထားနိုင်မှာကြောင့် ချန်ပီယံ အဖြေက  စောပြီး ပေါ်ထွက် လာနိုင်ပါတယ်။ နောက်တစ်ပွဲကတော့ လီဗာပူးနဲ့ အဲဗာတန် အသင်းတို့ရဲ့    ပြိုင်ဆိုင်မှု ပြင်းထန်မယ့် မာဆေးဆိုက် ဒါဘီပွဲစဉ် ဖြစ်နေလို့ အသည်းပေါက်မတတ် ကစားကြမယ့် ရသကို ခံစားကြရမှာ ဖြစ်ပါတယ်။ နောက်တစ်ပွဲကလည်း အာဆင်နယ် အသင်းရဲ့ ပွဲစဉ်ဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာ ချန်ပီယံ ခြေစွမ်းမျိုးရလာတဲ့ အသင်းဖြစ်လို့ စောင့်ကြည့် အားပေးကြရမှာပါ။

ရန်ကုန် ဒီဇင်ဘာ ၉

မြန်မာနေရှင်နယ်လိဂ် - ၁ သို့ ပထမအကြိမ် တန်းတက်ခွင့် ရထားသည့် မဟာယူနိုက်တက် အသင်းသည် မြန်မာ့ လက်ရွေးစင်ဟောင်း နောက်ခံကစားသမား မိုးဝင်းကို တစ်ရာသီ စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။

ရန်ကုန် ဒီဇင်ဘာ ၉

မကြာမီ ကျင်းပတော့မည့် ၂ဝ၁၈ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသော ဧရာဝတီ ယူနိုက်တက် အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့သည် ရာသီကြို ခြေစမ်းပွဲအဖြစ် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဧရာဝတီ ယူနိုက်တက်အသင်း  လေ့ကျင့်ရေး ကွင်းဖြစ်သော မီးဒုံးကွင်း၌ ယှဉ်ပြိုင်ကစားရာ ဧရာဝတီ ယူနိုက်တက် အသင်းက ၃ ဂိုး-၂ ဂိုး ဖြင့် အနိုင်ရရှိသည်။

ရန်ကုန် ဒီဇင်ဘာ ၉

၂ဝ၁၈ ဘောလုံးရာသီ ရာသီကြို ခြေစမ်းပွဲအဖြစ် ယနေ့နံနက်ပိုင်းက ရန်ကုန် ယူနိုက်တက် အသင်းသည် ရခိုင်ယူနိုက်တက် အသင်းနှင့် YUSC ကွင်း၌ ယှဉ်ပြိုင်ကစားရာ ရန်ကုန် ယူနိုက်တက် အသင်းက ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် ဒီဇင်ဘာ ၉

ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပနေသည့် M-150 Cup ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေသော မြန်မာ ယူ-၂၃ အသင်း ကစားသမားများ အနေဖြင့် ယင်းပွဲစဉ်တွင် ခြေစွမ်းပြနိုင်ပါက ထိုင်းကလပ်၌ သွားရောက် ကစားရန် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဇီဆီကပြောသည်။

ရန်ကုန် ဒီဇင်ဘာ ၉

၂ဝ၁၈ မြန်မာနေရှင်နယ်လိဂ် ရာသီအဖွင့်ပွဲအဖြစ် ချာရတီဖလား ပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်တွင်  ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်း၌ ကျင်းပမည်ဖြစ်ရာ ၂ဝ၁၇ မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းနှင့် ၂ဝ၁၇ မြန်မာနေရှင်နယ်လိဂ် ဒုတိယဆုရ ရန်ကုန်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲမှ ရရှိသည့် ကွင်းဝင်ကြေးများ ကိုလည်း လူမှုရေး အဖွဲ့အစည်းများသို့ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန် ဒီဇင်ဘာ ၉

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသား လုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး ဒီနာပါဝဲသည် လာမည့်နှစ် အစောပိုင်းတွင် ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။

နယူးယောက် ဒီဇင်ဘာ ၉

ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အမေရိကန် အစိုးရက အသိအမှတ်ပြုရန် ဆုံးဖြတ်ခြင်းအပေါ် ဗြိတိန်နိုင်ငံက သဘောမတူကြောင်းနှင့် ဗြိတိန်သံရုံးကိုလည်း တဲအဗစ်မှ ဂျေရုဆလင်သို့ ရွှေ့ပြောင်းမည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် မက်သယူးရွိုင်ကရော့က ပြောသည်။

Page 1 of 176