SJ WorldNews - шаблон joomla Авто

ရန်ကုန် စက်တင်ဘာ ၂၄

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကျင်းပမည့်   ၂ဝ၁၇  အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်သည့်  အသင်း လေးသင်းမှာ ၂ဝ၁၈ အာရှဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း (၁၂) ကြိမ်မြောက် အာဆီယံကောင်စီ အစည်းအဝေး၌ အတည်ပြုခဲ့သည်။

တိုင်းဆိုက် စက်တင်ဘာ ၂၄

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယားလိဂ် သုံးပွဲဆက်တွင် ဝက်စ်ဟမ်း၊ ဆွမ်ဆီးနှင့် စတုတ်တို့ကို အနိုင်ရခဲ့ခြင်းကြောင့် အဆင့်(၄) နေရာအထိ တက်လှမ်းလာနိုင်ခဲ့ရာ ကစားသမားများ အနေဖြင့် မြှောက်ပင့်ပြောနေခြင်း များကို နှစ်သက်ပြီး အာရုံစိုက်မှု လျော့နည်းသွားမည်ကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောသည်။

ပဲရစ် စက်တင်ဘာ ၂၄

ပီအက်စ်ဂျီ အသင်းသို့ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့် ဘာစီလိုနာမှ ခေါ်ယူခဲ့သော ဘရာဇီး တိုက်စစ်မှူး နေမာသည် ပြီးခဲ့သည့် သီတင်းပတ်က လိုင်ယွန်နှင့်ပွဲတွင် ပယ်နယ်တီ ကန်ခွင့်ရခဲ့ရာ အသင်းဖော် တိုက်စစ်မှူး ကာဗာနီထံမှ ပယ်နယ်တီ ကန်ခွင့်ကို တောင်းယူရာ ကာဗာနီက  ကန်ခွင့် မပေးခဲ့ခြင်းကြောင့် ကွင်းအတွင်း၌သာမက အဝတ်လဲခန်း ထဲ၌ပင် အချင်းများခဲ့သဖြင့်  အသင်းဖော်များက ဖျန်ဖြေခဲ့ရသည်။

မန်ချက်စတာ စက်တင်ဘာ ၂၄

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြီးခဲ့သည့် ရာသီတွင် ခြေစွမ်း မကောင်းခဲ့၍ ပွဲထွက်နေရာ ပျောက်ဆုံးခဲ့သော အသင်းတိုက်စစ်မှူး မာရှယ်သည် ယခုရာသီတွင် လူကာကူနှင့်  ရက်ရှ်ဖို့ဒ် တို့နောက်မှ ဦးစားပေးအရန် တိုက်စစ်မှူးအဖြစ် နေရာရနေပြီး ယမန်နှစ်ကထက် များစွာ တိုးတက်လာကာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခြေစွမ်းပိုင်း များတွင်ပါ အလွန် ကောင်းမွန်လာကြောင်း ချီးကျူးစကားဆိုသည်။

မန်ချက်စတာ စက်တင်ဘာ ၂၄

မန်စီးတီးအသင်း ဝက်စ်ဘရွန်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌  ပွဲစပြီး သုံးမိနစ်တွင် မန်စီးတီးအတွက် လီရွိုင်းဆာနေး သွင်းသောဂိုးသည် မန်စီးတီး ကစားသမား ၁၁ ဦးစလုံးနှင့် ထိပြီး ထို ၁၁ ဦးစလုံးမှာ တစ်ချက်ထက် ပိုထိနိုင်ခဲ့ကြ သကဲ့သို့ ဝက်စ်ဘရွန်း ကစားသမား တစ်ဦးမျှ မထိဘဲ မန်စီးတီး ကစားသမား အချင်းချင်း ဘောလုံးပေးပို့မှု ထိချက်ပေါင်း ၅၂ ချက် အပြီး သွင်းယူသော ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လန်ဒန် စက်တင်ဘာ ၂၄

ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အတွက် ဆန်ခါတင် သုံးဦးစာရင်းကို စက်တင်ဘာ ၂၃ ရက်က လန်ဒန်မြို့ရှိ ဘလွမ်းဘာရီ ခန်းမ၌ အခမ်းအနားဖြင့် ကြေညာရာ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနှင့် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်က ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့် ပြောင်းရွှေ့သွားသော ဘရာဇီး တိုက်စစ်မှူး နေမာတို့ ပါဝင်သည်။

Page 859 of 926