SJ WorldNews - шаблон joomla Авто

မန္တလေး   သြဂုတ် 

မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး ကျင်းပမည့်  မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ပြီး ဖိုးကေနှင့်ရွှေရာမာန်တို့၏   တွဲဆိုင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခု   နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မှာပဲ  အေစီမီလန် အသင်းက ကစားသမားသစ် ၁ဝ ဦးအထိ ခေါ်ယူခဲ့ပါပြီ။  အသင်းမှာရှိတဲ့ ကစားသမားတွေထဲက အကောင်းဆုံး ပေးဆပ်နိုင်တဲ့  ကစားသမားတချို့ကို ဆက်မထားတော့ဘဲ  အလုံးစုံနီးပါး  မြေလှန်ပြင်ဆင် နေတာဖြစ်ပါတယ်။

မန်ချက်စတာ  သြဂုတ်  ၁

မန်ယူအသင်းသည် ချယ်လ်ဆီး အသင်းမှ ဆားဘီးယားကွင်းလယ် ကစားသမား မာတစ်ကို ပေါင် သန်း ၄ဝ ဖြင့် သုံးနှစ်စာချုပ် ခေါ်ယူလိုက်နိုင်ပြီဖြစ်သည်။ မာတစ်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် မန်ယူအသင်း၌ ဆေးစစ်မှုခံယူပြီး ယမန်နေ့က သုံးနှစ်စာချုပ် ချုပ်ဆိုခြင်းဖြစ်ကြောင်း မန်ယူအသင်းက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ မာတစ်သည် မန်ယူတွင် ကျောနံပါတ် (၃၁) ဝတ်ဆင်မည်ဖြစ်ကာ တစ်ပတ်လစာ ပေါင် ၁၄ဝဝဝဝ ရရှိမည်ဖြစ်သည်။

ဝက်ဖို့ဒ်  သြဂုတ်  ၁

ဝက်ဖို့ဒ်အသင်းသည် ဘရာဇီးကလပ် ဖလူမင်းနိစ်အသင်းမှ ဘရာဇီး တိုက်စစ်မှူး ရီချာလစ်ဆင်ကို ပေါင် ၁၁ ဒသမ ၂ သန်းဖြင့်  ခေါ်ယူ  စာချုပ်နိုင်ခဲ့သည်။ ရီချာလစ်ဆင်ကို ချယ်လ်ဆီးနှင့် အေဂျက်အသင်းတို့ကလည်း ခေါ်ယူရန် ကြိုးစားခဲ့ပြီး အေဂျက်အသင်းသည် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ပင် ရယူနိုင်ပြီးမှ  ဝက်ဖို့ဒ်က ခေါ်ယူနိုင်ခြင်းဖြစ်သည်။

Page 888 of 889