SJ WorldNews - шаблон joomla Авто

နေပယ် အောက်တိုဘာ ၃၁

နာပိုလီ အသင်းသည် ယနေ့ညတွင် မန်စီးတီးနှင့် ကစားခဲ့သော ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်၌  ပရိသတ်၊ အသင်းဝန်ထမ်းနှင့် မီဒီယာများ ကွင်းအတွင်းသို့ ခါးပတ်ဝတ်ဆင်ပြီး ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် မန်စီးတီး ပရိသတ်များ ဒေါသထွက်ခဲ့ရသည်။

ရန်ကုန်  အောက်တိုဘာ  ၃၁

အာရှဘောလုံးအဖွဲ့ချုပ် (AFC)၏သတ်မှတ်ချက်အရ  အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သည့် အသင်းများသည် ပရိုလိုင်စင်ရှိသည့် နည်းပြ များသာ ပြိုင်ပွဲဝင်ခွင့်ပြုထားသည်။

မန်ချက်စတာ အောက်တိုဘာ ၃ဝ

မန်ယူနည်းပြ မော်ရင်ဟိုသည် မန်ယူပရိသတ်များကို အသင်းတိုက်စစ်မှူး လူကာကူအား လုံလောက်သော အားပေးမှု မလုပ်ကြခြင်းအတွက် မန်ယူတီဗွီ အင်တာဗျူး အစီအစဉ်တွင် မေးခွန်းထုတ် ဝေဖန်လိုက်သည်။

ဘေဆယ် အောက်တိုဘာ ၃ဝ

ဆွစ်ဇာလန် ဝါရင့်တင်းနစ်သမား ရော်ဂျာဖက်ဒါးရားသည် ယမန်နေ့က ကျင်းပသည့် ဆွစ်အင်ဒိုး တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အာဂျင်တီးနား နိုင်ငံသား ဒယ်လ်ပေါ်ထရိုကို ၆-၇(၅)၊ ၆-၄၊ ၆-၃ ဖြင့် အနိုင်ရပြီး အဆိုပါ ပြိုင်ပွဲတွင် ရှစ်ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့သည်။

ရန်ကုန် အောက်တိုဘာ ၃ဝ

အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်စုတတိယ ပွဲစဉ်အဖြစ် အင်ဒိုနီးရှား အသင်းနှင့် ယမန်နေ့က ယှဉ်ပြိုင် ကစားခဲ့ရာ ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သဖြင့် မြန်မာဖူဆယ် လောကအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ကြောင်း မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ် ဦးဌေးမြင့်က ပြောသည်။

Page 911 of 1036