SJ WorldNews - шаблон joomla Авто

လန်ဒန် အောက်တိုဘာ ၂၄

လန်ဒန်ရှိ မေဖဲလ်ဟိုတယ်၌ ယမန်နေ့ညက ကျင်းပသော ဖီဖာတစ်နှစ်တာ အကောင်းဆုံး ဘောလုံး ထူးချွန်ဆုပေးပွဲတွင် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အဆိုပါ ဆုအတွက် ဆန်ခါတင် သုံးဦးစာရင်းမှ ပြိုင်ဘက်များ ဖြစ်သည့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနှင့် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာတို့ကို ကျော်ဖြတ်ကာ မဲအများဆုံး ရရှိပြီး ဖီဖာတစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်ဒို သည် ၂ဝ၁၇ ခုနှစ်အတွင်း ရီးယဲလ်နှင့် နိုင်ငံအသင်းဖြစ်သော ပေါ်တူဂီအသင်း တို့အတွက် စုစုပေါင်း ၄၄ ဂိုးသွင်းပေးနိုင်ခဲ့ပြီး ပြီးခဲ့သည့်ဇွန်လက ရီးယဲလ်အသင်း စံချိန်တင် ချန်ပီယံလိဂ် ဖလား ၁၂ ကြိမ် ရရှိခဲ့မှုတွင် ဗိုလ်လုပွဲ၌ နှစ်ဂိုးသွင်းပေး နိုင်ခဲ့သူလည်း ဖြစ်သည်။

Page 912 of 1028