SJ WorldNews - шаблон joomla Авто

လန်ဒန် အောက်တိုဘာ ၂၄

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မန်စီးတီး အသင်းဘန်လေကို သုံးဂိုးပြတ် အနိုင်ရသောပွဲ၌ မန်စီးတီး အသင်းရရှိသည့် ပထမဂိုးတွင်  ဘာနာဒိုဆေးလ်ဗား ဟန်ဆောင်ဒိုင်ဗင် ထိုးခြင်းမှာ ပယ်နယ်တီ လိမ်ညာရယူသွားခြင်း ဖြစ်သည်ဟု ဘန်လေနည်းပြ ရှောင်ဒိုင်ချီက စွပ်စွဲခဲ့ခြင်း အတွက် သုံးဦးပါ လွတ်လပ်သော ကော်မရှင်ဖွဲ့ကာ ပြန်လည် အရေးယူရန် သုံးသပ်ခဲ့ရာတွင် သုံးဦးစလုံးမှ အရေးယူစရာ အကြောင်းမရှိဟု ဆုံးဖြတ်လိုက်၍ ပြစ်ဒဏ် ခံရတော့မည်မဟုတ်ပေ။

လန်ဒန် အောက်တိုဘာ ၂၄

ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်၌ ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်း ဖြင့် ပြောင်းရွှေ့သွားသော နေမာသည် ယမန်နေ့ညက လန်ဒန်၌ ဖီဖာ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ တက်ရောက်လာရာတွင် ဘာစီလိုနာ ဥက္ကဋ္ဌ ဘာတိုမီယူနှင့် စကား ပြောနေခြင်းကြောင့် မီဒီယာများက မေးမြန်းရာ၌ သာမန် ပြောရိုးပြောစဉ် အတိုင်းသာ ပြောခဲ့ခြင်း ဖြစ်သည်ဟု နေမာက တုံ့ပြန်ပြောသည်။

မာဆေးဆိုက် အောက်တိုဘာ ၂၄

ဘန်လေနည်းပြ ရှောင်ဒိုင်ချီသည် ယမန်နေ့က ရာထူးမှ ထုတ်ပယ်ခံလိုက်ရသော အဲဗာတန် နည်းပြ ရော်လ်နယ်ကိုးလ်မန်း နေရာ ဆက်ခံရန် ဘွတ်ကီဒိုင်များကြား ရေပန်းအစားဆုံး ဖြစ်နေရာ ရှောင်ဒိုင်ချီ ကိုယ်တိုင်က ထိုအခွင့်အရေးကို မလိုချင်ဟု မပြောဘဲ စိတ်ဝင်စား သည်ဟု ထုတ်ဖော်ပြောသည်။

လန်ဒန် အောက်တိုဘာ ၂၄

၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်ကြား အင်္ဂလန်၌ ဝက်စ်ဘရွန်းနှင့် စတုတ် အသင်းတို့တွင် ကစားခဲ့သော ဘယ်လ်ဂျီယံ ခံစစ်မှူးဟောင်း ကားလ်ဟို့ဖ်ကန်က အင်္ဂလန်၌ မိမိအသင်း ဖော်ဟောင်းနှစ်ဦးသည် ဂေးများဖြစ်ကြောင်းနှင့် တစ်ဦးဆိုလျှင် လေ့ကျင့်ရေးကွင်းသို့ ချစ်သူ အမျိုးသားကိုပင် ခေါ်လာတတ်ကြောင်း ဘယ်လ်ဂျီယံ သတင်းစာ De Zondag သို့ ဖွင့်ဟ ပြောကြားသည်။

လန်ဒန် အောက်တိုဘာ ၂၄

ဖီဖာတစ်နှစ်တာ အကောင်းဆုံး ထူးချွန်ဆုများ အတွက် အဓိကအားဖြင့် နိုင်ငံလက်ရွေးစင် အသင်းနည်းပြများနှင့် နိုင်ငံလက်ရွေးစင် အသင်းခေါင်းဆောင် များက သုံးဦးကို တစ်မဲစီ ပေးခွင့်ရရှိသည်။ ယခု မဲပေးမှုတွင် အများစုမှာ ဆန်ခါတင်စာရင်းဝင် နည်းပြများ ကိုသာ ရွေးချယ် ကြသော်လည်း တချို့သော အသင်းခေါင်းဆောင်များ၊ နည်းပြများ ရွေးချယ်မှုမှာ ထူးခြားမှုများ ရှိသလို ကမ္ဘာတစ်ဝန်းက ပရိသတ်လည်း စိတ်ဝင်စားနိုင်သည့် အနေအထားများ ရှိနေသည်။

Page 913 of 1028