SJ WorldNews - шаблон joomla Авто

ပဲရစ် အောက်တိုဘာ ၂၃

ပြင်သစ်လီဂူးဝမ်း ပွဲစဉ်ကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားရာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာသည် သုံးမိနစ်အတွင်း အဝါကတ် နှစ်ကြိမ်ထိကာ အနီကတ် ထိခဲ့ခြင်းမှာ မမျှတကြောင်း ပီအက်စ်ဂျီနည်းပြ အူနိုင်းအမ်မရီက ကာကွယ်ပြောကြားသည်။

မန်ချက်စတာ အောက်တိုဘာ ၂၃

မန်စီးတီး အသင်းတိုက်စစ်မှူး အဂူရိုသည် အောက်တိုဘာ ၂၁ ရက်ညက ဘန်လေကို သုံးဂိုးပြတ် အနိုင်ရသည့် ပွဲစဉ်တွင် တစ်ဂိုးသွင်းနိုင် ခဲ့ခြင်းကြောင့် မန်စီးတီးအသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းပေးထားနိုင်သည့် အဲရစ်ဘရွတ်ခ်၏ စံချိန်ကို  လိုက်မီနိုင်ခဲ့သည်။ မန်စီးတီးအတွက် ပွဲချိန်မိနစ် ၃ဝ တွင် အဂူရိုက ပယ်နယ်တီမှ ဂိုးစသွင်းပြီး အော့တမန်ဒီနှင့် လီရွိုင်းဆာနေး တို့က နောက်နှစ်ဂိုး သွင်းယူခဲ့ခြင်းကြောင့် မန်စီးတီးမှာ မန်ယူကို ငါးမှတ်ဖြတ်ထား လိုက်နိုင်ပြီဖြစ်သည်။

ဟတ်ဒါးဖီးလ် အောက်တိုဘာ ၂၃

မန်ယူအသင်းသည် အောက်တိုဘာ ၂၁ ရက်ညက ကစားခဲ့သော ဟတ်ဒါးဖီးလ်နှင့် ပွဲစဉ်တွင် ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးခဲ့ရခြင်းကြောင့် ဟတ်ဒါးဖီးလ် အသင်းသည် ၁၉၅၂ ခုနှစ်နောက်ပိုင်း ၆၅ နှစ်အတွင်း မန်ယူအသင်းကို ပထမဆုံးအကြိမ် အနိုင်ရသည့် စံချိန်မော်ကွန်း ရေးထိုးသွားနိုင် ခဲ့သည်။ အေရွန်မွိုင်နှင့် လော်ရန်း ဒီပွိုင်ထရီတို့၏ ပထမပိုင်း ပွဲချိန် အစောပိုင်းသွင်းဂိုး နှစ်ဂိုးကြောင့် မန်ယူအသင်းသည် နောက်မှ လိုက်ကစားခဲ့ရပြီး နှစ်သိမ့်ဂိုးကို ပွဲချိန်ဒုတိယပိုင်း ရောက်မှ လူကာကူ ဂိုးရှေ့ ကန်တင်ပေးမှုကို လူစားဝင် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။

လန်ဒန် အောက်တိုဘာ ၂၃

ချယ်လ်ဆီးနည်းပြ ကွန်တီက မိမိသည် တခြားနည်းပြများ ကဲ့သို့ ပွဲရှုံးမှုကြောင့် ရာထူးမှ ထုတ်ခံရမည်ကို ဖိအားအဖြစ် ခံယူပြီး ကြောက်နေသည့် နည်းပြမဟုတ်ဟု ထုတ်ဖော် ပြောကြားသည်။ ချယ်လ်ဆီး အသင်းသည် အောက်တိုဘာ ၂၁ ရက်ညက ဝက်ဖို့ဒ်နှင့် ပွဲစဉ်တွင် ၂ ဂိုး- ၁ ဂိုးဖြင့် ရှုံးနေရာမှ ပွဲပြီးခါနီး သွင်းဂိုးနှစ်ဂိုးကြောင့် ၄ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် အတွက် သုံးပွဲဆက် ရှုံးရမည့်ဘေးမှ သီသီလေး လွတ်ကင်းခဲ့သည်။ ထိုသို့ သုံးပွဲဆက် ရှုံးခဲ့လျှင် ချယ်လ်ဆီးအသင်း အစဉ်အလာအရ နည်းပြရာထူး ပြုတ်လေ့ ရှိသော်လည်း ကွန်တီက ဖိအားဟု မခံယူကြောင်း ပြောကြားသွားသည်။

ရန်ကုန်   အောက်တိုဘာ   ၂၃

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံသည် နှစ်ကာလကြာမြင့်လာပြီဖြစ်သောကြောင့် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်လာပြီဖြစ်၍

ဆိုစီဒက်အသင်းက ဒီရာသီမှာ ခံစစ်ပိုင်း ဒီလောက်ကောင်းတာ မဟုတ်ပေမယ့် တိုက်စစ်ပိုင်း ကတော့ ဂိုးသွင်းနိုင်သူတွေ များလွန်းတဲ့အတွက် ရလဒ် အထူးကောင်းမွန် နေပါတယ်။

Page 916 of 1028