SJ WorldNews - шаблон joomla Авто

ရန်ကုန်   အောက်တိုဘာ   ၂၃

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံသည် နှစ်ကာလကြာမြင့်လာပြီဖြစ်သောကြောင့် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်လာပြီဖြစ်၍

ဆိုစီဒက်အသင်းက ဒီရာသီမှာ ခံစစ်ပိုင်း ဒီလောက်ကောင်းတာ မဟုတ်ပေမယ့် တိုက်စစ်ပိုင်း ကတော့ ဂိုးသွင်းနိုင်သူတွေ များလွန်းတဲ့အတွက် ရလဒ် အထူးကောင်းမွန် နေပါတယ်။

တနင်္လာနေ့ညမှာ ကစားမယ့် လာလီဂါ နှစ်ပွဲမှာ ဒီပွဲကတော့ တန်းမဆင်းရဖို့ ရုန်းကန်ရမယ့် နှစ်သင်း ရင်ဆိုင်တွေ့တဲ့ ပွဲဖြစ်ပါတယ်။ ဒီနှစ်သင်းမှာ အိမ်ရှင်ဖြစ်တဲ့ ဒီပို့တီဗိုက တိုက်စစ်ပိုင်းမှာ ပိုကောင်းပါတယ်။ ဂီရိုနာအတွက် စိတ်ပျက်စရာ အခြေအနေကလည်း ရှိနေပါတယ်။ အခုပွဲမှာ ဒီရာသီ လာလီဂါ ခုနစ်ပွဲပွဲထွက် ကစားပြီး လေးဂိုးသွင်းထားတဲ့ မစ်ဒယ်ဘရော့ တိုက်စစ်မှူးဟောင်း ခရစ္စတီယန် စတူအာနီ ပွဲပယ်ထိထားခြင်း ပါပဲ။ ဂီရိုနာမှာ စတူအာနီမရှိရင် နောက်ထပ် ဂိုးသွင်းနှုန်းကောင်းတဲ့၊ ဂိုးဖန်တီးမှု ကောင်းတဲ့ ကစားသမား မျိုးလည် လက်ရှိမှာ ရှိမနေပါဘူး။ ရာသီအစ ပိုင်းကတော့ ဂီရိုနာက မန်စီးတီး ကစားသမား ဒါဇင်ဝက်လောက်ကို အငှားခေါ်ထားတဲ့ အတွက် ရလဒ်တွေ ကောင်းလောက်တယ်လို့ ထင်ခဲ့ကြပေမယ့် သူတို့က နောက်ဆုံးကစားခဲ့တဲ့ ခြောက်ပွဲမှာ နှစ်မှတ်သာ ရနိုင်ခဲ့တယ်။  ဒီရာသီ ကစားခဲ့တဲ့ ပွဲတွေရဲ့ ၅ဝ ရာခိုင်နှုန်းမှာလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

မက်ဒရစ် အောက်တိုဘာ ၂၂

ရီးယဲလ်အသင်းက ဆိုစီဒက် အသင်းမှ စပိန်ခံစစ်မှူး အယ်လ်ဗာရို အိုဒရီရိုဇိုလာကို ခေါ်ယူဖို့   စောင့်ကြည့်နေပါတယ်။

မြိတ်  အောက်တိုဘာ   ၂၂

အသက် ၂၂ နှစ်အောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြိတ်ခရိုင်အားကစားခန်းမ၌ ကျင်းပသည်။

စီးတီးရန်ကုန်အသင်းအုပ်ချုပ်သူ ဦးကျော်ကျော်ဦးနှင့် တွေ့ဆုံခြင်း

၂ဝ၁၂ ခုနှစ်မှာ ဟော်ရီဇွန်အမည်နဲ့ စတင် တည်ထောင်ခဲ့တဲ့ လက်ရှိ မြန်မာနေရှင်နယ်လိဂ်-၂ ရှုံးပွဲမရှိ ချန်ပီယံစီးတီး ရန်ကုန်အသင်းက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို စတင်ဝင်ရောက် လာကတည်းက အသင်းငယ်ဆိုပေမယ့် အသင်းလိုက်စုစည်းမှု အားကောင်းကောင်းနဲ့ ကစားတဲ့ အသင်းဖြစ်လို့ အသင်းကြီးတွေ ဂရုစိုက် ကစားရတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝ၁၆ ခုနှစ်မှာ လိဂ်-၁ ကနေ ကံမကောင်းစွာနဲ့ တန်းဆင်းခဲ့ရပြီး ၂ဝ၁၇ ခုနှစ်မှာ လိဂ်-၂ ပြိုင်ပွဲကို စီးတီးရန်ကုန် အသင်းအနေနဲ့ နာမည်ပြောင်းပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂ဝ၁၇ လိဂ်-၂ ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်ပြီး တန်းတက်ခွင့် ရရှိထားတဲ့ အသင်းပါ။ လာမယ့်နှစ် လိဂ်-၁ ပြိုင်ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု အနေနဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပေမယ့် အကြောင်း အမျိုးမျိုးကြောင့် လိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်း ဆုံးရှုံးလိုက်ရတာက  မြန်မာ နေရှင်နယ်လိဂ်အတွက် စိတ်မကောင်းစရာ သတင်းပါပဲ။ ဒါကြောင့် အသင်းဖျက်သိမ်းလိုက် ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသင်းအုပ်ချုပ်သူ ဦးကျော်ကျော်ဦးနဲ့ တွေ့ဆုံမေးမြန်းမှုကို ဖော်ပြ လိုက်ပါတယ်။

Page 918 of 1029