SJ WorldNews - шаблон joomla Авто

လန်ဒန် စက်တင်ဘာ ၂၄

ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အတွက် ဆန်ခါတင် သုံးဦးစာရင်းကို စက်တင်ဘာ ၂၃ ရက်က လန်ဒန်မြို့ရှိ ဘလွမ်းဘာရီ ခန်းမ၌ အခမ်းအနားဖြင့် ကြေညာရာ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနှင့် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်က ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့် ပြောင်းရွှေ့သွားသော ဘရာဇီး တိုက်စစ်မှူး နေမာတို့ ပါဝင်သည်။

လန်ဒန် ဘာစီလိုနာ ၂၄

အာဆင်နယ် အသင်းသည် အဓိက ကစားသမားများ ဖြစ်သော ဆန်းချက်ဇ်နှင့် အိုဇေးတို့ကို စာချုပ်သက်တမ်း နောက်ဆုံးနှစ် ရောက်သည်အထိ စာချုပ် မတိုးနိုင်ခြင်းကြောင့် အဆိုပါ ကစားသမားများ စာချုပ်သစ် ကမ်းလှမ်းခြင်းကို လက်မခံသေးဘဲ အသင်းမှ ထွက်ခွာရန် စီစဉ်နေသည့် အဖြစ်မျိုး နောက်ထပ်မဖြစ်လို၍ စာချုပ်သက်တမ်း နှစ်နှစ်ကျန်နေသေးသော ရမ်ဆေးနှင့် ဝဲလ်ဘတ်တို့ကို ယခုကတည်းက စာချုပ်တိုးနိုင်ရန် ကမ်းလှမ်း ဆွေးနွေးနေပြီ ဖြစ်သည်။

ရန်ကုန်    စက်တင်ဘာ    ၂၄

၂ဝ၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ  ပွဲစဉ်(၁၉) ပထမနေ့ကို ယနေ့ညနေပိုင်းတွင် ကျင်းပရာ ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်အသင်းတို့ ဂိုးမရှိသရေ ကျခဲ့သည်။

စပိန်လာလီ၈ါ ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

လီဗန်တေးနဲ့  ဘတ်တစ်တို့က ဒီရာသီအစ ပွဲတွေမှာ မထင်မှတ်တာတွေကို လုပ်ပြနိုင်ပြီး လီဗန်တေးက ပွဲစဉ် (၅) အပြီး အဆင့်(၅) နေရာ၊ ဘတ်တစ်ကအဆင့် (၇) နေရာမှာ ရပ်တည်နေလို့ သူတို့နှစ်သင်း တွေ့တဲ့ဒီပွဲမှာ ဘယ်သူက တကယ်အဆင့် ရှိတယ်ဆိုတာကို မှတ်ကျောက် တင်ခံရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

တနင်္လာနေ့ညအထိ ဒီတစ်ပတ်မှာ သီတင်းပတ် ကုန်ပွဲတွေက ဆက်ရှိနေပါတယ်။ အင်္ဂါနဲ့ ဗုဒ္ဓဟူး နေ့တွေမှာ ချန်ပီယံလိဂ်ပွဲတွေ ကစားဖို့ ရှိနေသေးပြီး ကြာသပတေးနေ့ ညမှာလည်း ယူရိုပါလိဂ်ပွဲတွေ ရှိတာကြောင့် ယူရိုပါလိဂ်ပွဲ ကစားရမယ့် အာဆင်နယ် အသင်းကတော့ နားရက်နှစ်ရက်သာ ရပြီး ဘီလာရုစ် နိုင်ငံကို သွားရောက်ပြီး ဘိုရီဆော့ဗ် အသင်းနဲ့    ကစားရမှာကြောင့် ပွဲဆက်များနေတဲ့ ကာလအဖြစ် သတ်မှတ်ရမှာပါ။

နောက်တစ်ပွဲကတော့ လာလီဂါ ပွဲစဉ်ဖြစ်ပြီး မထင်မှတ်ထားတဲ့ ရလဒ်မျိုးတွေကို ဖန်တီးနိုင်တဲ့ အသင်းနှစ်သင်းဖြစ်တဲ့ ဘတ်တစ်နဲ့ လီဗန်တေးတို့ ပွဲစဉ်တွေ ရှိတာကြောင့် စောင့်ကြည့်ကြရ ဦးမှာ ဖြစ်ပါတယ်။

Page 995 of 1061