SJ WorldNews - шаблон joomla Авто

လန်ဒန် သြဂုတ် ၂၈

ပရီးမီးယားလိဂ် ပွဲစဉ် (၃)တွင် အာဆင်နယ် အသင်းသည် လီဗာပူးကွင်း၌ ယမန်နေ့ညက ယှဉ်ပြိုင်ကစားရာ လေးဂိုးပြတ်ရှုံးသဖြင့် အသင်းကစား သွားပုံသည် လီဗာပူးဘက်သို့ တစ်ကြိမ်မျှ ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့၍ ဝေဖန်မှုများစွာ ရှိလာခဲ့သည်။

ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲကို သြဂုတ် ၂၉ ရက်မှာ နောက်ဆုံး ပွဲစဉ်တွေအဖြစ် တတိယ နေရာလုပွဲနဲ့ ဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ကစားပါမယ်။ မြန်မာအသင်း အတွက် ချန်ပီယံဖြစ်ဖို့ အလားအလာ အကောင်းဆုံး အနေအထားမှာ ရှိခဲ့ပေမယ့် ထိုင်းနဲ့ ဆီမီးဖိုင်နယ်ပွဲမှာ နောက်ဆုံး မိနစ်ရောက်မှ ပေးလိုက်ရတဲ့ဂိုးကြောင့် ရင်ကွဲပက်လက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ တတိယ နေရာလုပွဲကိုလည်း မြန်မာပရိသတ်တွေ ဆက်လက်အားပေး နေကြဦးမှာပါ။

ရန်ကုန် သြဂုတ် ၂၈

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာသေနတ်ပစ် အဖွဲ့အတွက်  ကြေးတံဆိပ်ဆု တစ်ခုကို ယမန်နေ့က ကျော်စွာဝင်းက ထပ်မံရယူ ပေးနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၈

(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသော မြန်မာယူ-၂၂ အသင်းနှင့် အင်ဒိုနီးရှား အသင်းတို့၏ တတိယ နေရာလုပွဲတွင် အနိုင်ကစားပြီး ဆုတံဆိပ် တစ်ခုရယူကာ ပြန်လာမည်ဟု နည်းပြချုပ် ဂတ်ဇီဆီက ပြောသည်။

ရန်ကုန် သြဂုတ် ၂၈

မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော မြန်မာအားကစား အဖွဲ့များသည် ပြိုင်ပွဲများ ပြီးဆုံး၍ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။

Page 1028 of 1066