SJ WorldNews - шаблон joomla Авто

မျက်နှာပြင်အောက်မှာ တပ်ဆင်ထားပြီး အမှန်တကယ် အလုပ်လုပ်တဲ့ လက်ဗွေဖတ်စနစ်ပါ ပထမဆုံးစမတ်ဖုန်း

Saturday, 13 January 2018 10:54 font size decrease font size decrease font size increase font size increase font size

ပြီးခဲ့တဲ့နှစ်အတွင်းက တိုးတက်လာတဲ့ မျက်နှာပြင် နည်းပညာသစ်တွေကြောင့် Apple က iPhone X ရဲ့ မျက်နှာပြင်အောက်မှာ လက်ဗွေဖတ်စနစ်ကို တပ်ဆင်ပြီး ဘေးနဲ့အပေါ်အောက် ပေါင်တွေကို ချုံ့ကာ ပိုမိုကြီးမားတဲ့ မျက်နှာပြင်နဲ့ ထွက်ပေါ်လာမယ်ဆိုပြီး ကောလာဟလတွေ ထွက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ Apple က iPhone X မှာ ဘေးဘက်ပေါင်တွေအပြင် အပေါ်နဲ့အောက် ဘက်ပေါင် တွေကို ချုံ့လိုက်ပြီး ပင်မခလုတ်ကို ဖယ်ရှားလိုက်ပေမယ့်လည်း အများမျှော်လင့်ထားသလို လက်ဗွေဖတ်စနစ် မပါလာတော့ဘဲ မျက်နှာဖတ် လုံခြုံရေးစနစ်သာ ပါဝင်လာပါတယ်။

Apple ရဲ့ဈေးကွက်ပြိုင်ဘက် Samsung ကလည်း မျက်နှာပြင်အောက်မှာ တပ်ဆင်နိုင်တဲ့ လက်ဗွေဖတ် စနစ်ပါ စမတ်ဖုန်းတွေကို လက်ရှိမှာ ထုတ်လုပ်နိုင်စွမ်းမရှိသေးပါဘူး။

ဒါပေမဲ့ စမတ်ဖုန်း ကုမ္ပဏီတစ်ခုက မျက်နှာပြင်အောက်မှာ တပ်ဆင်ပြီး အမှန်တကယ် အလုပ်လုပ်တဲ့ လက်ဗွေဖတ်စနစ်ပါ စမတ်ဖုန်းကို ဗီဒီယိုတစ်ခုမှာ ထုတ်ဖော်ပြသ လိုက်ပါ တယ်။

အဲဒီကုမ္ပဏီကတော့ Vivo ကုမ္ပဏီဖြစ်ပြီး Vivo က Synaptics ကုမ္ပဏီနဲ့ပူးပေါင်းပြီး ကမ္ဘာ့ ပထမဆုံးဖြစ်တဲ့ မျက်နှာပြင်အောက်မှာ လက်ဗွေဖတ်စနစ် တပ်ဆင်ထားတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပြီး အခုမှသာ တရားဝင်ထုတ်ဖော် ကြေညာလိုက်တာပါ။

အသုံးပြုထားတဲ့ နည်းပညာက Clear ID  လက်ဗွေဖတ် အာရုံခံစနစ် ဖြစ်ပါတယ်။ OLED  မျက်နှာပြင်တွေနဲ့သာ အလုပ်လုပ်တဲ့ ဒီစနစ်က လက်ဗွေဖတ်ဖို့ Pixel တွေကြားမှာရှိတဲ့ ဟာကွက်တွေကို အသုံးပြုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဖုန်းအမျိုးအစားကို Vivo ကဘယ်အချိန်မှာ ဈေးနှုန်း ဘယ်လောက်နဲ့ ဖြန့်ချိမယ် ဆိုတာ အတိအကျ မသိရသေးပါဘူး။

Read 118 times Last modified on Saturday, 13 January 2018 11:30