SJ WorldNews - шаблон joomla Авто

Samsung က Galaxy S9 ကို လာမယ့် လမှာထုတ်ဖော်ပြသမည်

Saturday, 13 January 2018 11:30 font size decrease font size decrease font size increase font size increase font size

Samsung ကုမ္ပဏီက သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Galaxy S9 ကို လာမယ့် လမှာကျင်းပမယ့် ကမ္ဘာ့မိုဘိုင်းလ် ညီလာခံမှာ ထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ Samsung ကုမ္ပဏီရဲ့ စမတ်ဖုန်းဌာန အကြီးအကဲ ဒီဂျေကို က အတည်ပြု ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထုတ်ဖော်ပြသမယ့် ရက်အတိအကျကိုတော့ ပြောပြမထားပါဘူး။ ကမ္ဘာ့မိုဘိုင်းလ် ညီလာခံကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

Galaxy S9 နဲ့အတူ ထွက်ပေါ်လာနိုင်ဖွယ်ရှိတဲ့ S9 Plus က S8 နဲ့ S8 Plus တို့ရဲ့နေရာကို ဆက်ခံမှာဖြစ်ပါတယ်။ S8 နဲ့ S8 Plus တို့ကို ပြီးခဲ့တဲ့နှစ် မတ်လက နယူးယောက်မြို့မှာ ထုတ်ဖော်ပြသပြီးတော့ ဧပြီလမှာ စတင်ရောင်းချခဲ့တာပါ။

လက်ရှိမှာ S9 နဲ့ ပတ်သက်ပြီး ဘာသတင်းမှ တိတိကျကျ မသိရသေးပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ  S9 u S8 နဲ့ ပုံစံချင်း ဆင်တူဖွယ် ရှိပါတယ်။ အနည်းငယ် ပြောင်းလဲသွားနိုင် တာကတော့ နောက်ဘက် လက်ဗွေဖတ်စနစ်ကို ကင်မရာအောက်ဘက်မှာ ထားရှိသွားနိုင်ပါ တယ်။

ဒါပေမဲ့ S9 နဲ့ S9 Plus တို့ကို ဒီနှစ်အတွင်းမှာ မြင်တွေ့ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ Samsung က ဒီနှစ်အတွင်းမှာ ခေါက်သိမ်းနိုင်တဲ့ ဖုန်းအမျိုးအစားကို ထုတ်ဖော်ပြသ သွားမယ်လို့ ဒီဂျေကိုက ထပ်လောင်း အတည်ပြု ပြောထားတဲ့အတွက် ဖြစ်ပါတယ်။

Read 14 times Last modified on Saturday, 13 January 2018 11:31