SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားနိုင်ငံ Hyundai ကုမ္ပဏီထုတ် Grand i10 မော်တော်ယာဉ်များကို ပြည်တွင်း၌ ရောင်းချမည်

Saturday, 13 January 2018 11:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇန်နဝါရီ ၁၂

တောင်ကိုရီးယားနိုင်ငံ Hyundai Co.,Ltd.မှ ထုတ်လုပ်သော မော်တော်ယာဉ်များကို တင်သွင်း ရောင်းချနေသည့် Hyundai Motor Myanmar ကုမ္ပဏီမှ ၂ဝ၁၈ မော်ဒယ် Sedan မော်တော်ယာဉ် အမျိုးအစား Grand i10 မော်တော်ယာဉ်များကို ယခုလ တတိယပတ်တွင် ရန်ကုန်မြို့၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီမှ Grand i10 မော်တော်ယာဉ်ကို တစ်စီးလျှင် အမေရိကန် ဒေါ်လာ၂ဝ၈ဝဝ ဖြင့် ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူလိုသူကို ရန်ကုန်လိုင်စင်ဖြင့် လည်းကောင်း၊ နယ်လိုင်စင်ဖြင့် ဝယ်ယူလိုသူကို နယ်လိုင်စင်ဖြင့် လည်းကောင်း ရောင်းချပေးမည်ဖြစ်ပြီး အာမခံသုံးနှစ် ပေးထားကြောင်းသိရသည်။

မော်တော်ယာဉ် အပိုပစ္စည်းမှာ ယူလိုပါက Hyundai Motor Myanmar ကုမ္ပဏီမှ တင်သွင်း ရောင်းချပေးမည်ဖြစ်သည်။

'' Grand i10 ကားမှာ နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်း အသုံးပြုထုတ်လုပ်ထား တာကြောင့် သုံးစွဲသူတွေ အကြိုက်တွေ့စေမှာပါ။ ကားရဲ့ ဒီဇိုင်းကို ဥရောပနိုင်ငံ ထုတ်ကား တွေရဲ့ ဒီဇိုင်းပုံစံတွေလို ထုတ်လုပ်ထားတာမို့ အရင်က ထုတ်ထားတဲ့ Hyundai ကားတွေရဲ့ ပုံစံလိုမဟုတ်ဘဲ ဒီဇိုင်းက သစ်ဆန်းမှုရှိနေမှာပါ'' ဟု Hyundai Motor Myanmar ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ Grand i10 မော်တော်ယာဉ် အမျိုးအစားများကို ရန်ကုန်မြို့နှင့် တခြားနယ်မြို့များသို့ လည်း ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Read 278 times Last modified on Saturday, 13 January 2018 11:32