SJ WorldNews - шаблон joomla Авто

နှစ်ပေါင်း ၁ ဒသမ ၃ သန်းရှိရေခဲများကို ရုရှားသုတေသန ပညာရှင်များ တွေ့ရှိစုဆောင်းနိုင်

Saturday, 10 February 2018 07:35 font size decrease font size decrease font size increase font size increase font size

ရှေးခေတ်ရေခဲပြင်များကို သုတေသနပြု လေ့လာခြင်းသည် မိမိတို့ ကမ္ဘာဂြိုဟ်၏ အတိတ် ကာလတွင် ဖြစ်ပျက်ခဲ့သော ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အခြေအနေများကို ရှင်းရှင်းလင်းလင်း သိရှိစေမည် ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ပြောင်းလဲဖြစ်ပေါ် လာနိုင်သည့် ရာသီဥတုပြောင်းလဲမှု များကို ကြိုတင်ခန့်မှန်းနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ရုရှားနိုင်ငံ စိန့်ပီတာ စဘာ့ပြည်နယ်ရှိ စိန့်ပီတာစဘာ့ သတ္တုတွင်း တက္ကသိုလ်နှင့် အာတိတ်နှင့် အန္တာတိက ဒေသသုတေသန အဖွဲ့အစည်းတို့မှ သုတေသန ပညာရှင်များသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁ ဒသမ ၃ သန်းရှိ ရေခဲအပိုင်းအစ များကို ရှာဖွေ စုဆောင်းနိုင်ခဲ့သည်။ အဆိုပါ ရေခဲအပိုင်းအစ များကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ ယခုနှစ် မေလအထိ ကြာမြင့်မည့် ၆၃ ကြိမ်မြောက် ရုရှားအန္တာတိက စူးစမ်းလေ့လာရေး ခရီးစဉ်အတွင်း ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။

အန္တာတိက ဒေသရှိ ရုရှား၏ ကုန်းတွင်းသုတေသန ဌာနဖြစ်သော ဗော့စတော့ဌာန၌ သိုလှောင် သိမ်းဆည်းထားသည့် အဆိုပါရှေးခေတ် ရေခဲများကို အကယ်ဒမစ်ဖက်ဒိုရော့ သုတေသန ရေယာဉ်သို့ မကြာမီ လွှဲပြောင်းပေးမည် ဖြစ်ပြီး ထိုရေယာဉ်၌ အထူးပြုလုပ် ထားသော ရေခဲသေတ္တာ အတွင်း သိမ်းဆည်းသွားမည် ဖြစ်ကြောင်း စိန့်ပီတာစဘာ့ တက္ကသိုလ်က သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ အတည်ပြု ပြောဆိုထားသည်။ ထို့နောက် နွေဦးရာသီတွင် ၎င်းရေယာဉ်က စိန့်ပီတာစဘာ့သို့ ပြန်ရောက်သည့်အခါ အဆိုပါ ရေခဲများကို အာတိတ်နှင့် အန္တာတိက ဒေသသုတေသန အဖွဲ့အစည်း၏ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ဓာတ်ခွဲခန်း၌ သိမ်းဆည်းသွားမည် ဖြစ်သည်။ သိပ္ပံပညာရှင် များက ရေခဲအတွင်း ပါဝင်သည့် ဓာတ်ငွေ့နှင့် အိုင်ဆိုတုပ်ပေါင်းစပ် ဖွဲ့စည်းမှုများကို လေ့လာ သွားမည် ဖြစ်သည်။ အန္တာတိက ဒေသသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် သက်တမ်း အရင့်ဆုံးသော ရေခဲများ တည်ရှိရာ နေရာအဖြစ် ထင်ရှားသည်။ အဆိုပါ ရေခဲများကို သုတေသနပြု လေ့လာခြင်းအားဖြင့် လွန်ခဲ့သော နှစ်သိန်းပေါင်းများ စွာနှင့်သန်းပေါင်းများစွာ ကာလအတွင်း ကမ္ဘာပေါ်၌ မည်ကဲ့သို့ ဖြစ်တည်မှုများ တည်ရှိခဲ့သည် ဟူသော သဲလွန်စကို ရရှိနိုင်မည်ဖြစ်သည်။

Read 100 times Last modified on Saturday, 10 February 2018 08:06