SJ WorldNews - шаблон joomla Авто

စနေဂြိုဟ်အကြောင်း ပိုမိုသိရှိရန် NASA က အာကာသသုံး ရေငုပ်သင်္ဘော တည်ဆောက်နေ

Saturday, 10 February 2018 08:07 font size decrease font size decrease font size increase font size increase font size

အမေရိကန် အာကာသ အေဂျင်စီဖြစ်သည့် NASA သည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်မှ စ၍ စနေဂြိုဟ်နှင့် ၎င်း၏အကြီးဆုံး ဂြိုဟ်ရံလဖြစ်သည့် တိုင်တန်အပါအဝင် ဂြိုဟ်ရံလများကို ကာဆီနီ အာကာသယာဉ်၏ အကူအညီဖြင့် လေ့လာမှုများ ပြုလုပ်ခဲ့သည်။

သို့သော် NASA သည် ၂ဝ၄ဝ ပြည့်နှစ် ရောက်သည့် အချိန်တွင် ယခုထက်ပိုမို ခေတ်မီသော စက်ကိရိယာဖြင့် စနေဂြိုဟ်နှင့် ဂြိုဟ်ရံလများကို လေ့လာမှု ပြုလုပ်ရန် ရည်ရွယ်ထားသည်။ NASA နှင့် ဝါရှင်တန် ပြည်နယ် တက္ကသိုလ်တို့သည် အာကာသအတွင်း အသုံးပြုနိုင်မည့် ရေငုပ်သင်္ဘောကို တီထွင်ထုတ်လုပ်နေပြီး ၎င်းကို နေစကြဝဠာအတွင်း ဒုတိယ အကြီးဆုံး ဂြိုဟ်ရံလဖြစ်သည့် တိုင်တန်သို့ စေလွှတ်သွားဖွယ်ရှိသည်။ တိုင်တန် ရေငုပ်သင်္ဘောသည် လာမည့်နှစ် ၂ဝ တွင် တိုင်တန်ရှိ အေးခဲနေသော ဟိုက်ဒရို ကာဗွန်ပင်လယ်များကို စူးစမ်း လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ဒီဇိုင်းပိုင်းနှင့် ပတ်သက်၍ အဆင့်မြှင့်တင် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဝါရှင်တန်ပြည်နယ် တက္ကသိုလ်က     သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ထိုရေငုပ်သင်္ဘောသည် အလိုအလျောက် မောင်းနှင် လည်ပတ်နိုင်စွမ်းရှိကာ လေထုနှင့် သမုဒ္ဒရာ အခြေအနေများ အပြင် ပင်လယ် ကြမ်းပြင်များ၌ သွားလာနိုင်ပြီး ပင်လယ်ပြင် အထက် သို့မဟုတ် ပင်လယ်ပြင်အောက်၌ နေထိုင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ တိုင်တန်ပေါ်ရှိ သမုဒ္ဒရာများ၌ အီသိန်းနှင့် မီသိန်းဓာတ်ငွေ့များ စုဖွဲ့မှုသည် လျင်မြန်စွာ ပြောင်းလဲနိုင်ပြီး အပူချိန်မှာ အနုတ် ၃ဝဝ ဖာရင်ဟိုက် ရှိသည့်အတွက် အဆိုပါ ရည်မှန်းချက်သည် အင်မတန် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များသည် တိုင်တန် သမုဒ္ဒရာ တစ်ခုကို သုတေသန ဓာတ်ခွဲခန်း၌ ပြန်လည်ဖန်တီးကာ ရေငုပ်သင်္ဘောမှ ထွက်လာမည့် အပူသည် ၎င်းရေငုပ်သင်္ဘော၏ လုပ်ဆောင်မှုအပေါ် မည်ကဲ့သို့ အကျိုး သက်ရောက်နိုင်သည်ကို လေ့လာနေခြင်း ဖြစ်သည်။ သိပ္ပံပညာရှင် များသည် လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း စေတန်၏ များပြားလှသော ဂြိုဟ်ရံလများကို လူလိုက်ပါခြင်း မရှိသော ကာဆီနီအာကာသ စူးစမ်းလေ့လာရေး ယာဉ်ဖြင့် လေ့လာမှုများ ပြုလုပ်ကာ ရရှိလာသည့် အချက်အလက်များ အပေါ် အခြေခံ၍ အဆိုပါ ရေငုပ်သင်္ဘောကို  တည်ဆောက်နေခြင်း ဖြစ်သည်။

Read 72 times Last modified on Saturday, 10 February 2018 08:08