တစ်နှစ်ပြီးတစ်နှစ် ပိုမိုကောင်းမွန်တဲ့ Android စမတ်ဖုန်းတွေကို ထုတ်လုပ်လာ ကြပေမယ့် Application တွေဖွင့်တဲ့အခါ ဒါမှမဟုတ် မျက်နှာပြင်မှာ ပေါ်နေတဲ့စာသားတွေကို အထက် အောက် ရွှေ့တဲ့ အခါလိုမျိုး သာမန်လုပ်ဆောင်ချက်တွေကို အထစ်ထစ်အငေါ့ငေါ့နဲ့ လုပ်ဆောင်နေရ ဆဲဖြစ်ပါတယ်။ ဒီနှစ်တွေ အတွင်းမှာ ထုတ်လုပ်တဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေအပြင် အလယ်အလတ်အဆင့်ရှိတဲ့ စမတ်ဖုန်းတွေ ကလည်း အသုံးပြုရာမှာ အဆင်ပြေချောမွေ့မှုကို ပေးစွမ်းလာပါပြီ။ ထိပ်တန်းအဆင့်ရှိ တဲ့စမတ်ဖုန်း တွေဆိုရင် ဘက်ထရီ တာရှည်ခံတဲ့အထိ ပိုမိုကောင်းမွန်လာပါတယ်။ ဒါပေမဲ့ တကယ် လက်တွေ့ နှိုင်းယှဉ်တဲ့အခါမှာတော့ Android ရဲ့ iPhone စွမ်းဆောင်ရည်ကို လိုက်မမီ နိုင်သေးပါဘူး။
ဘာကြောင့် iPhone တွေက Android ဖုန်းတွေထက် ပိုမြန်ရသလဲဆိုတဲ့အကြောင်း ပြချက်တချို့ရှိပါ တယ်။ Android ဖုန်းအများ စုက ကွယ်ကွန်နဲ့ အက်ဆီနို့ ကုမ္ပဏီတွေကထုတ်တဲ့ ချစ်ဆက်တွေကို အသုံးပြုကြပါတယ်။ အဲဒီချစ်ဆက်တွေက Apple ရဲ့ အေ ဆီးရီးပရို ဆက်ဆာတွေကို လိုက်မမီခဲ့ပါဘူး။ ဒါကတော့ iPhone တွေက Android ဖုန်း တွေထက် ပိုမိုမြန်ဆန် သွက်လက်နေရတဲ့ အဓိက အကြောင်းပြ ချက်ပဲဖြစ်ပါတယ်။ Software တွေကို သင့်လျော်လိုက်ဖက်မှု ရှိအောင် ပြုပြင်တာကလည်း iPhone တွေ မြန်ဆန်ရတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
iPhone တွေကပိုမြန်တယ်လို့ထင်စေတဲ့ နောက်ထပ် အချက်တစ်ချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ Application တွေ အဖွင့်အပိတ်နဲ့ လုပ်ဆောင်ချက် တစ်ခုကနေ တစ်ခုကို ကူးပြောင်းတဲ့နေရာမှာ ကူးပြောင်း တဲ့ Animation က Android ဖုန်းတွေ ထက် ပိုမြန်နေတာပါ။ သင့်အနေနဲ့ ဖုန်း တစ်လုံးကို လက်ထဲမှာကိုင်ပြီး ဘယ်လို လုပ်ဆောင်ချက်ကိုပဲလုပ်လုပ် ကူးပြောင်းမှု Animation က အလုပ်လုပ် ရပါတယ်။ အဲဒီ တော့ Android ဖုန်းတွေက iPhone လို မြန်ဆန်လာအောင် ဘယ်လိုလုပ်ဆောင် သင့် သလဲဆိုတာ ကြည့်ရအောင်။
Android ဖုန်းတွေမှာ များသောအားဖြင့် Developer Options ဆိုတဲ့လုပ်ဆောင်ချက်ကိုပိတ်ထားပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို အရင်ဖွင့်ရပါမယ်။ ပထမဆုံး ဖုန်းတိုင်း မှာပါဝင်တဲ့ Setting ကိုသွားပါ။ အကယ်၍ သင့်ရဲ့ ဖုန်းက Android 8.0 နဲ့အထက်ဆို ရင်တော့ System ကိုသွားပါ။ Setting ထဲ ရောက် ရင် About Phone ဒါမှမဟုတ် About ကိုရွေးပါ။ များသောအားဖြင့် ဖုန်းမျက်နှာပြင်ရဲ့ အောက်ဆုံး နားမှာ ရှိတတ်ပါတယ်။ About Phone ထဲရောက်ရင် Build Numberကို ခုနစ်ချက်နှိပ်ပါ။ တချို့ဖုန်းတွေ မှာတော့ Build Number က Software Information ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနိုင်ပါတယ်။ Build Number ကို ခုနစ်ချက်နှိပ်ပြီး ရင်တော့ သင့်ရဲ့ဖုန်းကို စိတ်ကြိုက် ခြယ်လှယ်နိုင်တဲ့ Developer တစ်ယောက် ဖြစ် သွားပါပြီ။
အဲဒီနောက် အပြင်ပြန်ထွက်လိုက်ရင် Setting ရဲ့အောက်ဆုံးနားမှာ Developer Options ဆိုပြီးတော့ လုပ်ဆောင် ချက်အသစ် တစ်ခုထပ်တိုး လာတာ တွေ့နိုင်ပါပြီ။ အခု ကျွန်တော်တို့ အဓိကလုပ်ရမှာက ကူးပြောင်းမှု Animation ကို ပိုမြန်အောင်လုပ်ရမှာပါ။ ဒါကြောင့် Developer Options ထဲကိုဝင်ပါ။ အဲဒီထဲမှာမှ Window Animation Scale၊ Transition Animation Scale၊ Animator Animation Scale ဆိုတဲ့ လုပ်ဆောင်ချက် သုံးခုကို တွေ့အောင်ရှာပါ။ Android ဖုန်း အများစုမှာတော့ Advanced ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိပါတယ်။ ဒီလုပ်ဆောင်ချက် သုံးခုစလုံးမှာ ကြည့်မယ်ဆိုရင် သူတို့ရဲ့အမြန် နှုန်းက 1x ဆိုပြီးတော့ ပုံသေအနေနဲ့ပါလာ ပါတယ်။ အဲဒီလုပ်ဆောင်ချက်သုံးခုမှာ တစ်ခုချင်းစီရဲ့ အမြန်နှုန်း တွေကို 5x အထိလျှော့ချ လိုက်ပါ။ တစ်ချက်သတိထားကြည့်ပါ။ လုပ် ရမှာက 5x မဟုတ်ပါဘူး။ တစ်ရဲ့ တစ်ဝက် ဖြစ်တဲ့ 5x ဖြစ်ပါတယ်။ အဲဒါတွေအားလုံး လုပ်ပြီးရင်တော့ Setting ထဲကနေ ပြန်ထွက် လိုက်ပါ။ ဒါဆိုရင် အကောင်းဆုံးဖြစ်အောင် ဖုန်းကိုRestart လုပ်လိုက်ပါ။ အခုဆိုရင် သင့်ရဲ့ဖုန်းက အရင်ကထက် ပိုမိုမြန် ဆန်လာ တဲ့ပုံစံ ကိုတွေ့ရမှာပါ။