SJ WorldNews - шаблон joomla Авто

HP Printer များကို Alexa မှတစ်ဆင့် အသံဖြင့်စေခိုင်းပြီး Print ထုတ်ယူနိုင်

Saturday, 10 February 2018 15:39 font size decrease font size decrease font size increase font size increase font size

HP  ကုမ္ပဏီထုတ် Printer  တွေကို Microsoft Cortana နဲ့  Google Assistant ကနေတစ်ဆင့် အသံနဲ့ စေခိုင်း  Print ထုတ်ခိုင်းနိုင်ကြောင်း ပြီးခဲ့တဲ့နှစ်က မိတ်ဆက် ပြသခဲ့ပါတယ်။ အခု ဒီနှစ်မှာတော့ HP Printer တွေကို Alexa ကနေတစ်ဆင့် အသံနဲ့စေခိုင်းပြီး အလိုရှိရာကို Print ထုတ်ခိုင်းနိုင်လာပါပြီ။

အသုံးပြုသူတွေ အနေနဲ့ ဆုဒိုခုဥာဏ်စမ်း ဂိမ်းစာရွက်များ၊ ဘင်ဂိုကတ်များ၊ တစ် နေ့တာလုပ်ရမယ့် စာရင်းများ၊  ဈေးဝယ် စာရင်းများ၊  ဆေးရောင်ခြယ် စာရွက်များအပြင် ဂရပ် စာရွက်များကိုပါ Print ထုတ်ခိုင်းနိုင်ပါတယ်။

ဒါ့ပြင် Google Assistant မှာ Google ပြက္ခဒိန်ကို ထုတ်ခိုင်းနိုင်သလို Alexa မှာလည်း Amazon ရဲ့ ဈေးဝယ်  စာရင်းကို ထုတ်ခိုင်းနိုင်တဲ့ စွမ်းဆောင်ရည် ကိုယ်စီ ပါဝင်ပါတယ်။

နေအိမ်သုံး Printer တွေကို အသံနဲ့ စေခိုင်းနိုင်တာက ပိုမို သက်သောင့်သက်သာ ရှိပြီး အနာဂတ်မှာ လည်း အသုံးဝင်စေပါတယ်။ တစ်ချိန်ချိန်မှာ HP Printer တွေကိုဘာနဲ့မှ ချိတ်ဆက်ဖို့မလိုဘဲ Printer ကိုသာ အသံနဲ့စေခိုင်းရုံနဲ့ Print ထုတ်ပေး နိုင်မှာဖြစ်ကြောင်း HP ကုမ္ပဏီမှ အိမ်သုံး Printer ထုတ်လုပ်မှု ဌာနအကြီးအကဲ အန်နယ်လိအိုဆန်က ပြောပါတယ်။                            

Read 111 times Last modified on Saturday, 10 February 2018 15:39