SJ WorldNews - шаблон joomla Авто

AI ကင်မရာပါဝင်မည့် V30s စမတ်ဖုန်းကို LG ထုတ်လုပ်ဖွယ်ရ

Monday, 12 February 2018 12:26 font size decrease font size decrease font size increase font size increase font size

LG က ဒီနှစ်ရဲ့ မိုဘိုင်းလ် ကမ္ဘာ့ညီလာခံမှာ ထုတ်ဖော်ပြသတဲ့ V30 စမတ်ဖုန်းကို အဆင့်မြှင့် တင်ထားတဲ့ V30s စမတ်ဖုန်းကို ထုတ်လုပ်ဖွယ်ရှိပါတယ်။

V30s က V30 နဲ့နှိုင်းယှဉ်ရင် ဒီဇိုင်းပိုင်းကွဲပြားမှု မရှိပေမယ့် AI စနစ်အသုံးပြု ကင်မရာလုပ်ဆောင်ချက် ပါဝင်လာဖွယ်ရှိပါတယ်။ ဒီစနစ်က Pixel 2 စမတ်ဖုန်းမှာ ပါဝင်တဲ့ Google Lens လုပ်ဆောင်ချက်နဲ့  Galaxy S8 မှာပါဝင်တဲ့ Bixby Vision လုပ်ဆောင်ချက်တို့နဲ့ ဆင်တူပါတယ်။

LG ရဲ့ AI ကင်မရာက အွန်လိုင်းမှာ ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို မှတ်သားပြီး ဝယ်ယူနိုင်မှာဖြစ်တဲ့အပြင် ဘားနဲ့ QR ကုတ်တို့ကိုလည်း Scan  ဖတ်နိုင်မှာဖြစ်ပြီး ရေးသားထားတဲ့ စာတွေကို ဘာသာပြန်နိုင်မှာပါ။

LG က သူ့ရဲ့ပြိုင်ဘက်တွေနဲ့ ယှဉ်မယ်ဆိုရင် AI ကင်မရာ အသုံးပြု စမတ်ဖုန်း ဈေးကွက်ကိုဝင်လာတာ နောက်ကျပါတယ်။ ဒီလိုမျိုး စမတ်ကင်မရာ လုပ်ဆောင်ချက် ပါဝင်တဲ့ စမတ်ဖုန်းတွေပေါ်လာတာ ကောင်းပေမယ့်လည်း LG ရဲ့ အဓိက ပြည်တွင်း ပြိုင်ဘက်ဖြစ်တဲ့ Samsung နဲ့ ပြည်ပပြိုင်ဘက်ဖြစ်တဲ့ Google တို့ ရေရှည်မှာ ယှဉ်ပြိုင်နိုင်မှာလားဆိုတာ စိုးရိမ်ဖွယ်ဖြစ်ပါတယ်။

V30 နဲ့ V30 plus စမတ်ဖုန်းတွေကို မူလ Memory 64 GB နဲ့ 128 GB အသီးသီး ထည့်သွင်းထားပေမယ့် V30s မှာတော့ မူလ Memory 256 GB ထည့်သွင်းပေးမယ် ဆိုပြီး LG ကပြောပါတယ်။

ဒီနှစ်ထုတ်စမတ်ဖုန်းတွေမှာ  Snapdragon 845 Processor တွေကိုအသုံးပြုထား ပေမယ့် V30s မှာ ဘယ်လို Processor အသုံးပြုမယ်ဆိုတာကို တိတိကျကျမသိရ သေးပါဘူး။

Read 263 times Last modified on Monday, 12 February 2018 13:06