SJ WorldNews - шаблон joomla Авто

မူလလက်ဟောင်း Pixel ဖုန်းများတွင် ချို့ယွင်းချက်ရှိသော မိုက်ခရိုဖုန်းများ တပ်ဆင်ထားသည်ဟူသည့် စွပ်စွဲချက်ဖြင့် Google တရားစွဲခံရ

Monday, 12 February 2018 13:06 font size decrease font size decrease font size increase font size increase font size

မူလလက်ဟောင်း Pixel နဲ့ Pixel XL စမတ်ဖုန်းတွေမှာ ချို့ယွင်းချက်ရှိတဲ့ မိုက်ခရို ဖုန်းတွေကို တပ်ဆင်ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Google ကုမ္ပဏီက တရား ရင်ဆိုင်နေရပါတယ်။

ဒီစမတ်ဖုန်းအသုံးပြုသူတွေကွ Google ကုမ္ပဏီက သူတို့ရဲ့မိုက်ခရိုဖုန်းတွေမှာ ချို့ယွင်း ချက်ရှိမှန်းသိသိနဲ့ တပ်ဆင်ရောင်းချခဲ့တယ်ဆိုပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အသုံးပြုသူတချို့က Pixel စမတ်ဖုန်းမှာပါဝင်တဲ့ မိုက်ခရိုဖုန်းသုံးလုံးစလုံးက အေးတဲ့ ရာသီဥတုနဲ့ မတူညီတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုရာမှာ အလုပ်လုပ်ခြင်းမရှိဘူးဆိုပြီး အခိုင်အမာပြောထားပါတယ်။

Google ကုမ္ပဏီက Pixel နဲ့ Pixel XLကို ၂ဝ၁၆ ခုနှစ်မှာ စတင်ထုတ်လုပ်ရောင်း ချခဲ့တာပါ။ ဒါပေမဲ့ ရောင်းချပြီး မကြာခင်မှာပဲ အခုလိုပြဿနာတွေရှိတယ်ဆိုပြီး အသုံးပြုသူတွေဆီက အသံတွေ ထွက်လာတာ ဖြစ်ပါတယ်။

အဲဒီပြဿနာက အသံပိုင်းဆိုင်ရာနေရာမှာ ခဲတို့မှုကတစ်ဆင့်ဖြစ်ပေါ်လာတဲ့ ဆံခြည်မျှင် ပမာဏရှိ အက်ကွဲကြောင်းက အစပြုတာဖြစ်ကြောင်း Google ကုမ္ပဏီမှ အလုပ်သမား တစ်ဦးကပြောပါတယ်။

Google ကုမ္ပဏီက ဒီပြဿနာတွေကို သိရှိပြီးနောက် နောက်ထပ်ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေမှာ အလားတူ အမှားမျိုးမဖြစ်အောင် လုပ်ဆောင်ခဲ့ပေမယ့် အရင် Pixel နဲ့ Pixel XL စမတ်ဖုန်းတွေကို အာမခံရှိတဲ့ ဖုန်းတွေကလွဲလို့ ကျန်တဲ့ဖုန်းတွေကို ပြန်လဲပေးတာမျိုး မရှိခဲ့ပါဘူး။

ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ခရိုင်တရားရုံးတစ်ရုံးမှာ တရားစွဲခံထားရတဲ့ အမှုက တော့ ဒီလိုပြဿနာတွေဖြစ်ပြီးသည့်တိုင်အောင် ချို့ယွင်းချက်ရှိနေတဲ့ အရင် Pixel နဲ့ Pixel XL စမတ်ဖုန်းတွေကို ဆက်လက်ရောင်းချနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့ပြင် Pixel နဲ့ Pixel XL စမတ်ဖုန်းတွေက ဘက်ထရီ၊ စပီကာနဲ့ ကင်မရာ ပြဿနာ တချို့ ရှိနေတယ်ဆိုပြီး သုံးစွဲသူတချို့ကပြောပါတယ်။

Read 260 times Last modified on Monday, 12 February 2018 13:08