SJ WorldNews - шаблон joomla Авто

Moto Z2 Force Smartphone

Monday, 26 March 2018 11:20 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံထုတ် Motorola ၏ Moto Z2 Force Smartphone သည် မကွဲနိုင်သော အကြမ်းခံ အာမခံမျက်နှာပြင် Shatter-proof Display ပါဝင်သည့်အတွက် ဖုန်းပျက်စီးမှုကို ထိရောက်စွာ ကာကွယ် နိုင်မည်ဖြစ်သည်။ Aircraft-Grade အလူမီနီယံနှင့် Stainless Steel တို့ကို ပေါင်းစပ်ထားသည့် အပြင် Water- Repellent Nona-Coating သုတ်လိမ်းထားသည့်အတွက် ရေစိုသည့် ဒဏ်ကို ကာကွယ်နိုင်မည်ဖြစ် သည်။

ကင်မရာပိုင်းတွင်လည်း 12 MP Dual Camera ၏တစ်ပြိုင်နက်လုပ်ဆောင်မှုကြောင့် Professional ကျကျ ဓာတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ အချက်အလက်များ သိမ်းဆည်းရန် Internal Storage 64 GB ပါရှိပြီး ၁၅ မိနစ်အားသွင်းရုံဖြင့် ခြောက်နာရီကြာ အသုံးပြုနိုင်သည့် Turbo Charge နည်းပညာပါသောကြောင့် လုပ်ငန်းဆောင်တာများကို ဆက်တိုက် အသုံးပြုနိုင်မည်ဖြစ်သည်။

Moto Z2 Force Smartphone ကို ငွေကျပ် ၇၉၉ဝဝဝ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

Read 311 times Last modified on Monday, 26 March 2018 11:32