SJ WorldNews - шаблон joomla Авто

သီချင်းနှင့် ဖျော်ဖြေရေးကဏ္ဍ များစွာပါဝင်သည့် Big 9 Go Application သစ် စတင်မိတ်ဆက်

Sunday, 01 April 2018 11:58 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၃၁

ဖျော်ဖြေရေးကဏ္ဍများပါဝင်သည့် Big 9 Go Application သစ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Big 9 Go Application မှာ ပြည်တွင်းထုတ်ဖျော်ဖြေရေး ဝန်ဆောင်မှု Application တစ်ခုဖြစ်ပြီး Iron Cross Music Band မှ လေးဖြူနှင့် မျိုးကြီးတို့က ဦးစီးဆောင်ရွက်ခြင်း ဖြစ်သည်။

''ဒီ Application မှာ Iron Cross ရဲ့သီချင်းတွေအပြင် Lifestyle ၊ ဖျော်ဖြေရေး၊ ဖက်ရှင်နဲ့ အလှအပရေးရာ၊ ကျန်းမာရေး၊ အားကစား၊ ခရီးသွား တင်ဆက်မှု စတဲ့ ကဏ္ဍတွေကို ကြည့်ရှု နိုင်ပါတယ်။ ဒီလိုမျိုး Big 9 Go နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အတွက်လည်း ဝမ်းသာပါတယ်။ သုံးတဲ့သူတွေ အနေနဲ့လည်း ဖုန်းထဲမှာ သီချင်းတွေ၊ ဗီဒီယိုတွေ သိမ်းဖို့ နေရာပေးစရာ မလိုဘဲ ကွန်ရက် ပေါ်ကနေ တိုက်ရိုက်ကြည့်လို့ ရပါပြီ'' ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer Mr. Rezio Umeda ကပြောသည်။

အဆိုပါ Application တွင် နောက်ဆုံးပေါ် တေးဂီတရုပ်သံ ဗီဒီယိုများကို ကြည့်ရှုနိုင်မည့်အပြင် အထူး သီးသန့်ဖျော်ဖြေရေး အစီအစဉ်များကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့် Big 9 Go Application ကို တစ်ရက်လျှင် ငွေကျပ် ၉၉ ကျပ်ဖြင့် ရယူသုံးစွဲနိုင်ပြီး ဝန်ဆောင်မှု စတင် သုံးစွဲသူများအနေဖြင့် တစ်ပတ်အခမဲ့ သုံးစွဲခွင့်ရရှိမည် ဖြစ်သည်။ အဆိုပါ Application ကို Android ဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Google Play Store သို့မဟုတ် http://bg.lotayamm.com တွင် Download ရယူသုံးစွဲနိုင်သည်။ H.O

Read 406 times Last modified on Sunday, 01 April 2018 11:59