SJ WorldNews - шаблон joomla Авто

ငွေကျပ်တစ်သိန်း အောက်သာ တန်ဖိုးရှိသည့် အရည်အသွေးမြင့် KENBO Smartphone ဧပြီ ၁ ရက်တွင် စတင် ဖြန့်ချိမည်

Sunday, 01 April 2018 11:59 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ထုတ်ကုန် တစ်ခုဖြစ်သည့် KENBO Smartphone သည် လူတန်းစား မရွေး အသုံးပြုနိုင်ရန် အရည်အသွေးမြင့် ဈေးနှုန်းသက်သာသော ကြီးမားသည့် မျက်နှာပြင် ရှိသည့် ဖုန်းအမျိုးအစားသစ်ကို ဧပြီ ၁ ရက်မှ စတင် ဖြန့်ချိမည် ဖြစ်ကြောင်း သိရသည်။

Sun Shine ဟု အမည်ပေးထားသော အဆိုပါဖုန်းသည် မော်ဒယ်နံပါတ် E121 ဖြစ်ပြီး ငွေကျပ် တစ်သိန်းအောက်သာ ရှိသည်။

Sun Shine တွင် အကြမ်းခံ၍ စမတ်ကျ လှပသော ကိုယ်ထည်နှင့် ကြည်လင်ပြတ်သားကာ ကြီးမားကျယ်ပြန့်သည့် Screen နှင့် Screen တို့ ပါဝင်သည်။ 156 x 79 x 9.35 mm အရွယ်အစား ရှိပြီး ရွှေရောင်နှင့် အနက်ရောင် နှစ်မျိုးထုတ်လုပ်ထားကာ Dual SIM အသုံးပြုနိုင်ပြီး  Memory များများ လိုအပ်သူများအတွက် SD Card ကိုပါ တစ်ပြိုင်နက်တည်း ထည့်သွင်း အသုံးပြုနိုင်သည်။

ဖုန်း၏ နောက်ကာဗာတွင် Gird အစင်းကြောင်း များဖြင့် ဒီဇိုင်း ဆင်ထားသည့်အတွက် လက်အတွင်းမှ အလွယ်တကူ ချော်မထွက်နိုင်ဘဲ လက်ဗွေရာ ထင်ကျန်မှုကိုလည်း လျော့နည်းစေသည်။ Sun Shine ဖုန်း၏ ဒီဇိုင်းပိုင်းတွင် သေသပ်လှပပြီး လူငယ်ဆန်စေသည့် ထူးခြားသော ဘေးဘောင် ပုံသဏ္ဌာန်ဖြင့် ဖွဲ့စည်းထားသည်။ ကင်မရာမှန် ပွန်းပဲ့ခြင်းမှ ကာကွယ်ပေးရန် Camera ဒီဇိုင်းပိုင်းကို Cover နှင့် တစ်သားတည်း ပြုလုပ်ပေးထားသည်။

Display အပိုင်းတွင် ၅ ဒသမ ၅ လက်မ ကျယ်ဝန်းသည့်မျက်နှာပြင်ရှိပြီး IPS LCD အမျိုးအစားကို အသုံးပြုထားကာ Asahi Tempered Glass ဖြင့် ဖုံးအုပ် ပေးထားသည့် အတွက် သာမန်မှန်များထက် အကြမ်းခံနိုင်သည်။

HD Resolution(1280 x 720) ရှိပြီး အရောင်နက်ရှိုင်းမှု ၁၆ ဒသမ ၇ သန်းရှိသည်။

Sun Shine ဖုန်း၏ ရှေ့ကင်မရာ ( Selfie Camera) ကို 5MP အသုံးပြုထားပြီး အလင်းဝင်ပေါက်အားဖြင့် (Focal Lens) F/2.4 ဖြင့် ပြုလုပ်ထားသည်။ ထို့ပြင် Sun Shine ဖုန်း၌ Portrait Mode ပါရှိပြီး ညဘက် ဓာတ်ပုံရိုက်သည့်အခါ အဆင်ပြေစေသည့် Soft Light Mode အသုံးပြုနိုင်သော Flash မီး တပ်ဆင်ပေးထားသည်။

အလားတူ နောက်ကင်မရာ (Main Camera) တွင်လည်း 5MP အသုံးပြုပေးထားပြီး အလင်းဝင်ပေါက် (Focal Lens) F/2.2 ရှိသည်။

Portrait Mode ပါရှိသည့်အပြင် ညဘက်ဓာတ်ပုံရိုက်ရ အဆင်ပြေစေရန် Night Shot Mode နှင့် ကာလာ အရည်အသွေး အလွန်ကောင်းမွန်သည့် HDR Mode တို့ ပါဝင်ပြီး Sun Shine ဖုန်းတွင် RAM 1GB နှင့် ROM 8GB ပါဝင်ကာ Android 7 (Nougat) အသုံးပြုထားပြီး KENBO ၏ ကိုယ်ပိုင် MyOS 4.0 တွဲလျက်ပါရှိသည်။

ထို့ကြောင့် Google Play Store မှ နောက်ဆုံးထွက် Application များကို Download ပြုလုပ်ကာ အသုံးပြုနိုင်ပြီး Google Play Store Official ပါဝင်၍ မြန်မာစာမှာလည်း ဖုန်းတွင် Build in ပါဝင်သည်။

Processor အနေဖြင့် MediaTek- 6580W Quad Core Corte x-A7 1.3GHz ကို အသုံးပြု ပေးထားပြီး ဘက်ထရီကို အရည်အသွေးမြင့် Li-ion 2500mAh အသုံးပြုထားကြောင်း သိရသည်။

ဆုလာဘ်

Read 588 times Last modified on Sunday, 01 April 2018 12:06