SJ WorldNews - шаблон joomla Авто

မျက်နှာပြင်ကျယ်ကျယ်နဲ့ အရည်အသွေးမြင့် စမတ်ဖုန်း LG Stylus 3

Sunday, 01 April 2018 12:06 font size decrease font size decrease font size increase font size increase font size

မျက်နှာပြင်ကျယ်ကျယ်နဲ့ သုံးစွဲလို့ ကောင်းတဲ့အပြင် အရည်အသွေးမြင့် စမတ်ဖုန်းတစ်လုံး LG Stylus 3 နဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။

ဒီဇိုင်းပုံစံနဲ့ လုပ်ဆောင်ချက်တွေက လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းတွေနဲ့ ယှဉ်နိုင်သလို Single Sim နှင့် Dual Sim ဆိုပြီး Version နှစ်မျိုးကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်အကျယ် ၅ ဒသမ ၇ လက်မရှိပြီး Full HD အပြည့် ထောက်ပံ့ပေးထား ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ Octa-Core Processor နဲ့ အကောင်းဆုံးရုပ်ထွက်ရဖို့ Mali-T860MP2 Graphics ကို အသုံးပြုပေးထားပါတယ်။

ဘက်ထရီပိုင်းမှာ Removable Li-Ion 3200mAh ကို အသုံးပြုထားလို့ သုံးစွဲသူတွေ အဆင်ပြေစေမှာဖြစ်ပါတယ်။ LG Stylus 3 ကွှို Titanနဲ့ Pink Gold အရောင်နှစ်မျိုး ရရှိနိုင်ပြီး ငွေကျပ် ၂၈၉ဝဝဝ နဲ့ ဝယ်ယူ နိုင်ပါတယ်။

Read 328 times Last modified on Sunday, 01 April 2018 12:20