SJ WorldNews - шаблон joomla Авто

ညအချိန်ဓာတ်ပုံများ ရိုက်ကူးရာတွင် Pixel 2 XL ထက်သာလွန်သည့် Huawei P20 Pro

Tuesday, 03 April 2018 09:45 font size decrease font size decrease font size increase font size increase font size

Huawei ကပြုလုပ်တဲ့ P20 Pro စမတ်ဖုန်း မိတ်ဆက်ပွဲရဲ့ အချိန်တစ်ဝက်နီးပါးက စမတ်ဖုန်းမှာ ပါဝင်တဲ့ ကင်မရာရဲ့ စွမ်းဆောင်ရည်တွေကို ရည်ညွှန်းပြောဆို သွားတာတွေ့ရပါတယ်။ ဒါကြောင့် Huawei က P20 Pro စမတ်ဖုန်းကို ကင်မရာ အသားပေး စမတ်ဖုန်း တစ်လုံးအဖြစ် အကောင်းဆုံး ပွဲထုတ်လာတယ်လို့ ဆိုရမှာပါ။

အခုချိန်မှာ P 20 Pro ရဲ့ ကင်မရာရိုက်ချက်တွေက စမတ်ဖုန်းလောကရဲ့ အကောင်းဆုံး ကင်မရာ ပါဝင်တယ်ဆိုတဲ့ စမတ်ဖုန်းတွေကို ကျော်တက်သွားပါပြီ။ အထူးခြားဆုံးက P20 Pro ရဲ့ ညဘက်ကင်မရာ ရိုက်ချက်တွေက တခြားကင်မရာတွေနဲ့ ယှဉ်မယ်ဆိုရင် အကွာကြီး ကွာသွားတာကို တွေ့ရမှာပါ။ အထူးသဖြင့် ကင်မရာ အကောင်းဆုံး စမတ်ဖုန်းလို့ဆိုတဲ့ Google ရဲ့ Pixel 2 XL စမတ်ဖုန်းထက် သာလွန်နေတာပဲ ဖြစ်ပါတယ်။ P20 Pro နဲ့ ပဲရစ်မြို့ အနီးတစ်ဝိုက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့ကို ကြည့်မယ်ဆိုရင် P20 Pro က Pixel 2 XL ထက် အရည်အသွေး သာလွန်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Huawei ရဲ့ P20 Pro မှာပါဝင်တဲ့ Night Mode က နည်းပညာဆိုင်ရာ အံ့ဖွယ်တစ်ပါး ဖြစ်ပါတယ်။ သူ့ကင်မရာမှာ ပါဝင်တဲ့ Shutter က လေးစက္ကန့် အပြည့်ဖွင့်ပေးပါတယ်။ အဲဒီအချိန်မှာ ပုံရိပ်ရဲ့ အလင်းရောင်က တဖြည်းဖြည်း မြင့်တက်လာပြီး နေ့အချိန်မှာ ရိုက်ကူးတဲ့ ဓာတ်ပုံတစ်ပုံလို ကြည်လင်ပြတ်သားတာကို တွေ့ရပါတယ်။ P20 Pro u Pixel 2 XL ထက်သာလွန်တဲ့ နောက်တစ်ချက်က Saturation ပဲဖြစ်ပါတယ်။ P20 Pro နဲ့ရိုက်ထားတဲ့ ဓာတ်ပုံက Pixel 2 XL နဲ့ရိုက်ထားတဲ့ ဓာတ်ပုံထက် နောက်ခံအရောင်နဲ့ ကြည်လင်ပြတ်သားမှုတို့ ပိုမိုထင်ရှား နေပါတယ်။ ဒီအချက်က P20 Pro က Pixel 2 XL ထက် သာလွန်တယ်ဆိုတာကို ပြသနေခြင်းလည်း ဖြစ်ပါတယ်။ Pixel 2 XL က တခြားဖုန်းတွေထက် သာလွန်ပေမယ့် P20 Pro နဲ့ နှိုင်းယှဉ်တဲ့အခါ အနည်းငယ် နိမ့်ကျနေတာကို တွေ့ရပါတယ်။ ကင်မရာသုံးလုံး ပါဝင်တဲ့ P20 Pro က လက်ရှိမှာ ကင်မရာအကောင်းဆုံး Android စမတ်ဖုန်း သုံးလုံးအနက် တစ်လုံး အပါအဝင် ဖြစ်ပါတယ်။ ထုတ်ကုန်ဆိုင်ရာ အချက်အလက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

P20 Pro မှာ 40-Megapixel Colour Sensor နဲ့ကင်မရာတစ်လုံး၊ 20-Megapixel Monochrome Sensor နဲ့ ကင်မရာတစ်လုံး၊ မြင်ကွင်းကို သုံးဆချဲ့ပေးနိုင်တဲ့ 8-Megapixel Colour Sensor နဲ့ ကင်မရာတစ်လုံး စုစုပေါင်း ကင်မရာသုံးလုံး ပါဝင်ပါတယ်။ ရှေ့ကင်မရာ တစ်လုံးတည်းပါဝင်ပေမယ့် 24-Megapixel ရှိတဲ့အတွက် Selfie သမားတွေ အကြိုက် တွေ့စေမှာပါ။ မျက်နှာပြင် အရွယ်အစားက ၆ ဒသမ ၁ လက်မရှိပြီး ကြည်လင်ပြတ်သားမှုက 2240x1080 Pixel ရှိပါတယ်။ ဒါ့အပြင် ဖန်သားပြင်အတွင်းမှာ လက်ဗွေဖတ်စနစ် ထည့်သွင်း ပေးထားပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင်ပေါ်ကို သတ်မှတ်ထားတဲ့ လက်ချောင်းတစ်ချောင်း တင်လိုက်ရုံနဲ့ ဖုန်းကပွင့်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ကျောဘက်မှာလည်း လက်ဗွေဖတ်စနစ် တပ်ဆင်ပေးထားပါတယ်။ အဲဒီလို တပ်ဆင်ပေးထားတဲ့ အတွက် ငွေပေးချေမှုမျိုး ကိစ္စတွေကို လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်မှာပါ။ အလေးချိန် ၁၇၄ ဂရမ်သာရှိပြီး ဖုန်နှင့် ရေမဝင်နိုင်တဲ့ကိုယ်ထည်အပြင် ကျောဘက်ကို ဖန်သားပြင်တစ်ထပ်နဲ့ အုပ်ထားပါတယ်။ RAM 6GB နဲ့ Storage ပမာဏ 128GB ရှိပါတယ်။ ဘက်ထရီ စွမ်းဆောင်ရည်က 4000mAh အပြင် အမြန်အားသွင်း စနစ်လည်း ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၁၁၁၅ ဒေါ်လာဖြစ်ပြီး ဧပြီလလယ်မှာ ဈေးကွက် အတွင်း တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။

Read 430 times Last modified on Tuesday, 03 April 2018 10:02