SJ WorldNews - шаблон joomla Авто

အရာအားလုံးကို တစ်နေရာတည်းမှာ ရနိုင်တဲ့ Acer Aspire S24 PC

Wednesday, 04 April 2018 09:49 font size decrease font size decrease font size increase font size increase font size

Acer Aspire S24 ကတော့ မျက်နှာပြင်အထူ သုည ဒသမ ၂၃၅ လက်မသာ ရှိတဲ့အတွက် ပါးလွန်းနေပြီး ကွန်ပျူတာ ဖန်သားပြင်နည်းပညာကို အဓိကထား ထုတ်လုပ်ထားပါတယ်။ သူ့ရဲ့ဒီဇိုင်းနဲ့ ပေးရမယ့်တန်ဖိုးက သင့်လျော်ပါတယ်။ နောက်ထပ် အံ့အားသင့်ဖွယ်ရာ အချက်တွေလည်း ရှိနေပါသေးတယ်။

Aspire S24 ရဲ့ဈေးနှုန်းနဲ့ အသေးစိတ် အချက်အလက်များ

ဧပြီ ၂ ရက်က ထုတ်ဖော်ကြေညာလိုက်တဲ့ Aspire S24 က အမေရိကန်ဒေါ်လာ ၈၇၉ ဒေါ်လာနဲ့ ဧပြီလနှောင်းပိုင်း ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Aspire S24 က အလယ်အလတ်တန်းစား ကွန်ပျူတာတစ်လုံး ဖြစ်ပါတယ်။

CPU: Intel Core i5-8250U quad-core processor

Memory: 12 GB of dual-channel DDR4 SDRAM (32 GBအထိ တိုးမြှင့်နိုင်ပါတယ်။)

Storage: 1TB 5400rpm SATA hard drive. (Storage အနေနဲ့ ပမာဏများပြား တယ်လို့ဆိုနိုင်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ နှေးကွေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ Storage ထပ်စိုက်နိုင်မယ့် နေရာနှစ်ခု ပါဝင်ပါတယ်။)

ထူးခြားချက်တစ်ခုကတော့ Aspire S24 ရဲ့အောက်ခြေမှာ Qi ကြိုးမဲ့အားသွင်းစနစ် ပါဝင်ပါတယ်။ ဒါကြောင့် အသုံးပြုသူရဲ့ စမတ်ဖုန်းတစ်လုံးက ဒီအားသွင်းစနစ်ကို ထောက်ပံ့ ပေးတယ်ဆိုရင် ကြိုးမဲ့အားသွင်း နိုင်တဲ့နေရာ အနားမှာ ထားပေးရုံနဲ့ ဖုန်းအားပြည့်စေပါတယ်။ ကွန်ပျူတာ ဖန်သားပြင် နည်းပညာကို အနီး ကပ်လေ့လာခြင်း

1920x1080 (Full HD) ဖြစ်တဲ့ ဖန်သားပြင်ကို အသုံးပြုထားတာကြောင့် ရုပ်ထွက်ကြည်လင် ပြတ်သားမှု 4K နဲ့ ထိတွေ့မျက်နှာပြင် မဟုတ်ပေမယ့် လုပ်ငန်းခွင်အတွက် အလွန်အသုံး ဝင်နေဆဲ ဖန်သားပြင် ဖြစ်ပါတယ်။ IPS နည်းပညာကို သုံးထားတဲ့ အတွက် ထောင့်ကျယ် အနေအထားကနေ ဖန်သားပြင် ပေါ်မှာရှိတဲ့ ပုံရိပ်ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ထောင့်ကျယ်  ၁၇၈ ဒီဂရီကနေ ကြည့်ရှုနိုင်ပြီး အကောင်းဆုံး အရောင်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Read 43 times Last modified on Wednesday, 04 April 2018 09:55