SJ WorldNews - шаблон joomla Авто

ယခုနှစ်ကုန်တွင် Su-35 တိုက်လေယာဉ်များ ဝယ်ယူရေးအတွက် ရုရှားနှင့် သဘောတူ စာချုပ်ချုပ်ဆိုမည်ဟု အင်ဒိုနီးရှားပြော

Thursday, 24 August 2017 10:50 font size decrease font size decrease font size increase font size increase font size

ဂျကာတာ      သြဂုတ်      ၂၃

အင်ဒိုနီးရှားအစိုးရအနေဖြင့် ယခုနှစ်အကုန်ပိုင်းတွင် ရုရှားနိုင်ငံမှ  Su-35 တိုက်လေ ယာဉ်များ ဝယ်ယူရေးနှင့် ပတ်သက်၍ သဘောတူစာချုပ်ချုပ်ဆိုမည်ဟု မျှော်မှန်းထားကြောင်း ရုရှားဆိုင် ရာ

အင်ဒိုနီးရှားသံအမတ်ကြီး မိုဟာမတ်ဝါဟစ်ဆူပရီယာဒီက သြဂုတ် ၂၃ ရက်တွင် ပြောသည်။ အင်ဒိုနီးရှား အစိုးရသည်  တန်ပြန် ကုန်သွယ်ရေး အစီအစဉ်ဆိုင်ရာ သဘောတူစာချုပ် မူကြမ်း၏ တစ်စိတ် တစ်ပိုင်းအရ ရုရှားထံမှ အဆိုပါတိုက်လေယာဉ် ၁၁ စင်း လက်ခံရရှိရန် မျှော်မှန်း ထားပြီး  ယင်းမူကြမ်းသည် နောက်ဆုံးအဆင့်ရောက်ရှိနေပြီး  မကြာမီသဘောတူစာချုပ်တွင် လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်း ဆူပရီယာဒီက ပြော သည်။

ရုရှား၏ ရော့စတက်ကုမ္ပဏီသည် သြဂုတ်လအစောပိုင်းတွင် အင်ဒိုနီးရှားကုန်သွယ်ရေး ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားကြောင်းသိရသည်။ှက-၃၅ တိုက် လေယာဉ်သည် ဘက်စုံ သုံးနိုင်ပြီး အဆင့်မြင့်ဆုံး စစ်ကစားနိုင်သော  ခေတ်မီလေယာဉ်ဖြစ် ကြောင်းနှင့် ပုံစံတူအခြားတိုက်လေယာဉ်များထက် သာလွန်ကြောင်းသိရသည်။

Read 521 times Last modified on Thursday, 24 August 2017 10:52