SJ WorldNews - шаблон joomla Авто

Intel က Laptop များအတွက် core i9 CPU များ မိတ်ဆက်

Sunday, 08 April 2018 11:23 font size decrease font size decrease font size increase font size increase font size

Intel ကုမ္ပဏီမှ တစ်ကိုယ်ရေသုံး ကွန်ပျူတာများကဲ့သို့ စွမ်းဆောင်ရည်များကို core i9 CPU များတွင် လုပ်ဆောင်နိုင်စေရန် အဋ္ဌမမျိုးဆက်ဖြစ်တဲ့ core i9 CPU ကို ထုတ်ဖော်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အထွေထွေ စွမ်းဆောင်မှုအပိုင်းတွင် နှိုင်းယှဉ်ချက်အရ core i9 CPU များက သတ္တမမျိုးဆက် core i7 CPU များထက် ၂၉ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ကြောင်း Intel ကုမ္ပဏီမှ အတည်ပြုထုတ်ပြန်ထားပါတယ်။ ဒါ့ပြင်  Total War နဲ့  Warhammer II လိုမျိုး ဂိမ်းအကြီးစားများ ကစားရာမှာ ၄၁ ရာခိုင်နှုန်း ပိုမို ကောင်းမွန်ပြီး Adobe Premiere Pro ဆော့ဖ်ဝဲလ်နဲ့ ရုပ်ထွက် 4K ရှိတဲ့ ဗီဒီယိုတွေကို တည်းဖြတ်ရာမှာ ၅၉ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တယ်လို့ ဆိုပါတယ်။

Turbo Boost ပါဝင်တဲ့ အတွက် အမြန်နှုန်း 4.8 GHz အထိ ရောက်ရှိနိုင်တဲ့အပြင် ဘယ်တားမြစ်မှုမျိုးမှ မရှိတဲ့အတွက် သုံးစွဲသူ အနေနဲ့ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: Engadget

Read 216 times Last modified on Tuesday, 10 April 2018 12:39