SJ WorldNews - шаблон joomla Авто

ဂိမ်းကစားသူများရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေးမယ့် ASUS ရဲ့ Zephyrus M

Sunday, 08 April 2018 11:25 font size decrease font size decrease font size increase font size increase font size

 

ASUS Republic of Gamers က မိတ်ဆက်လိုက်တဲ့ Zephyrus M Laptop က အဋ္ဌမမျိုးဆက် Intel core i7 နဲ့ NVIDIA GeForce GTX 1070 ဂရပ်ဖစ်ကတ် တပ်ဆင်ပေးထားတဲ့ အပါးလွှာဆုံး Laptop ဖြစ်ပါတယ်။

 

ဒါကြောင့် Desktop ကွန်ပျူတာတွေသာ ရရှိနိုင်တဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို ပါးလွှာတဲ့ Laptop မှာရရှိလိုတဲ့ ဂိမ်းကစားသူတွေရဲ့ အိပ်မက်ကို Zephyrus M က အကောင်အထည် ဖော်ပေးမှာ ဖြစ်ပါတယ်။ ကွန်ပျူတာမျက်နှာပြင် တစ်ခုလုံးက ၁၅ ဒသမ ၆ ပြီး 1980 x 1080 ရုပ်ထွက် အရည်အသွေးရှိတဲ့ AHVA-IPS ဖန်သားပြင်ကို တပ်ဆင်ပေးထားပါတယ်။ wide-view နည်းပညာ ထည့်သွင်း ပေးထားတဲ့ အတွက် ထောင့်ကျယ် အနေအထားကနေ ကောင်းမွန်တဲ့ ရုပ်ထွက်ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

အလေးချိန်အားဖြင့် ငါးပေါင်ခွဲသာ ရှိပြီး ထုထည်မှာ 15.1x10.3 x 0.7~0.78 လက်မရှိပါတယ်။ အနိမ့်ဆုံးဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၄၉၉ ဒေါ်လာဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းက အမေရိကန် ဒေါ်လာ ၂၁၉၉ ဒေါ်လာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ၂၁၉၉ ဒေါ်လာတန် Laptop မှာဆိုရင် DDR4 RAM 16 GBနဲ့ SSD 256 GB အပြင် SSHD 1 TB အထိ ပါဝင်ပါတယ်။

 

Aerodynamic စနစ်လည်း ပါဝင်တဲ့အတွက် Laptop ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေခြင်းမရှိပါဘူး။ ဒါ့ပြင် USB-C တစ်ပေါက်၊ USB 3.1 Gen 1 နှစ်ပေါက်၊ USB 3.1 Gen 2 နှစ်ပေါက်၊ HDMI 2.0 တစ်ပေါက်၊ 3.5 mm Jack တစ်ပေါက်အပြင် HD ကင်မရာ၊ မိုက်နဲ့ အောက်ခံမီးလင်း ကီးဘုတ်တို့ ပါဝင်ပါတယ်။

 

Ref: Engadget

 

 

Read 27 times Last modified on Tuesday, 10 April 2018 12:39